- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Hypocrisy အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။
တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့၎င်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့၎င်း စီးစေကြ လော့။
အိုဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သက္ကာများကို တော၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။
သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသော ကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။
ထိုကြောင့်၊ သင်တို့ကို ဒမာသက်မြို့တဘက်သို့သိမ်းသွားစေခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဉ္စမလနှင့် သတ္တမလတွင် အစာ ရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။
စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။
သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင်၊
ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင်၊ ထာဝရ ဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။
မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ။ သင်တို့ကို အလိုမရှိ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ၏။
နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။ ခပ်သိမ်းသော အရပ်တို့၌ နံ့သာပေါင်း ကို ငါ၏နာမတော်အား မီးရှို့၍၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ။
တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ၏။
သစ္စာဂတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက် ပင် လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
ဖာရိရှဲနှင့် ဗဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာလာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကိုသတိပေး ဘိသနည်း။
နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။
လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။
ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။
လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု
နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။