အကြောင်းအရာသို့ ကျော်သွားရန်

Rahab

7 အခန်းငယ်

Rahab ကို ဖော်ပြသော အခန်းငယ်များ

  1. နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။

  2. ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။

  3. မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရ ဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည်။

  4. တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊

  5. ယောရှုသည်လည်း၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။

  6. ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။

  7. ထိုနည်းတူ၊ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။