- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Holiness အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သင်တို့သည် အပြစ်တရား၏ လက်မှလွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။
ထိုသို့ ငါဆိုသော်၊ သင်တို့ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေကြလော့။
သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်စဉ် ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်ကြ၏။
ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကိုရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။
ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွှတ်၍၊ ဘုရားသခင်၏ ကျွန်ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
ညဉ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသော အချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။
ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။
သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှါ မကြံစည် ကြနှင့်။
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။
အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့် မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။
ငါသည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကိုပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။
အစားအသောက်တို့သည် ဝမ်းအဘို့၊ ဝမ်းသည်လည်း အစားအသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသော မေထုန် အဘို့ဖြစ်သည်မဟုတ်။ သခင်ဘုရားအဘို့ဖြစ်၏။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓာအဘို့ ဖြစ်တော်မူ၏။
အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။
သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှားစေကြလော့။
သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊
မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။
ခရစ်တော်သည်ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည် သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။
ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူ သည်ကား၊ သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။
ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည်။
ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု၏။
ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။