Skip to content

Famine အကြောင်း ကျမ်းစာအခန်းငယ်များ

101 အခန်းငယ် · 51 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။

  2. တဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သော စိတ်နှင့်စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည်။

  3. မုန့်နှင့်ရေခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ် ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။

  4. သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်း ဘေးတည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌၎င်း၊ သင်တို့တွင်မွတ်သိပ်ခြင်းဘေးကို တိုးပွါးစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌၎င်း၊

  5. သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်း ဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ထားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့ သည် လွှမ်းမိုးသောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။

  6. လယ်လုပ်သော သူတို့၊ လယ်၌ ရိတ်ရသော အသီးအနှံပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်းရှိကြလော့။ ဥယျာဉ်ကို ပြုစု သော သူတို့၊ မြည်တမ်းကြလော့။

  7. စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက်၏။ သလဲပင်။ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်း ကြ၏။ အကယ်စင်စစ်လူသားတို့၌ ဝမ်းမြောက်စရာ အကြောင်းသည် သွေ့ခြောက်၏။

  8. အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင်၏ အိမ် တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။

  9. ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရ ဘုရား၏ နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။

  10. ငါတို့စားစရာသည် ငါတို့မျက်မှောက်၌ ပြတ် သည်မဟုတ်လော။ ငါတို့ ဘုရားသခင်၏ အိမ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော။

  11. မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။

  12. တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစု တို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ ၏။ သိုးစုတို့သည်လည်း သေကြ၏။

  13. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာအရပ်တို့ကို မီးရှို့ ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။

  14. တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ် ကြော်ကြပါ၏။ မြစ်ရေခန်းခြောက်ပါပြီ။ တော၌ ကျက် စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။

  15. ငါသည်လည်း၊ သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်းပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ၏။

  16. စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။

  17. ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။

  18. လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။

  19. ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ၎င်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှါ၎င်း ခေါ်ကြလိမ့်မည်။

  20. ခပ်သိမ်းသောစပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့ အလယ်၌ ရှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  21. ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။

  22. မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါ်၌၎င်း၊ လုပ် ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။

  23. တတိယတံဆိပ်ကိုဖွင့်သောအခါ၊ တတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။

  24. သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။

  25. စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ၊ စတုတ္ထ သတ္တဝါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။