အကြောင်းအရာသို့ ကျော်သွားရန်

Faith အကြောင်း ကျမ်းစာအခန်းငယ်များ

543 အခန်းငယ် · 124 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ျာလက်ကို ဆွဲကိုင်တော်မူ၏။

  2. အကျွန်ုပ်ကို ဉာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။

  3. ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသော ဘုရား၏ လက်ျာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။

  4. ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဘူးသော အံ့ဩဘွယ် တို့ကို အောက်မေ့ပါမည်။

  5. ပြုတော်မူသမျှတို့ကို ဆင်ခြင်၍စီရင်တော်မူ သော အရာတို့ကို မြွက်ဆိုပါမည်။

  6. အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေ တရားကိုစီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။

  7. သဘောမဖြောင့်၊

  8. ဘုရားသခင်၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ် သောအမျိုး၊

  9. အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။

  10. ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြော ဆို၏။

  11. ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသော ကြောင့်၊

  12. သင်၌ မကောင်းသော အနိဌရုပ်မကပ် မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။

  13. ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေ တော်ကို စွန့်ပစ်တော်မမူ။

  14. တဖန်ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင် ဆုံးဖြတ်တော်မူ၍၊ သေဘာဖြောင့်သောသူအပေါင်းတို့ သည် နောက်တော်သို့လိုက်ကြပါလိမ့်မည်။

  15. ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မှီ နေရာ ကျရလိမ့်မည်။

  16. ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသော အခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။

  17. အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူ သွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြ မည်နည်း။

  18. အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော် မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော် မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။

  19. ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။

  20. ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။

  21. မကောင်းသော သိတင်းကိုမကြောက်ရ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ်၏။

  22. သူ၏စိတ်နှလုံးသည် မြဲမြံသည် ဖြစ်၍၊ ရန်သူ တို့၌ အားမရမှီတိုင်အောင်၊ ကြောက်ခြင်းနှင့် လွတ်လိမ့် မည်။

  23. ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။

  24. ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။

  25. ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။