အကြောင်းအရာသို့ ကျော်သွားရန်

Doubting အကြောင်း ကျမ်းစာအခန်းငယ်များ

105 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက် တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော်၊

  2. ထာဝရဘုရားက၊ ဒမာသက်တောသို့ ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

  3. နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

  4. သို့ဖြစ်၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။

  5. သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။

  6. မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။

  7. ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။

  8. သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။

  9. သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။

  10. ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။

  11. သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။

  12. ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။

  13. အကြောင်းမူကား၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲငါ၌ အနာတို့ကို များပြား စေတော်မူ၏။

  14. ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။

  15. တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။

  16. ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။

  17. တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။

  18. ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။

  19. ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ၏။

  20. ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။

  21. ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။

  22. အကြောင်းမူကား၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား။

  23. ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။

  24. အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။

  25. အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်းမဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့ သတည်း။