အကြောင်းအရာသို့ ကျော်သွားရန်

Doubting အကြောင်း ကျမ်းစာအခန်းငယ်များ

105 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက် လျက်၊ သခင်၊

  2. အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲတတ်ပါ၏။

  3. တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင်၊

  4. ယေရှုက၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော် မူ၏။

  5. ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိဖြစ်လေ၏။

  6. ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကိုအဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊

  7. သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။

  8. သို့သော်လည်း ဆုတောင်ခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ်ဟု မိန့်တော်မူ၏။

  9. တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသောလူအစုအဝေးသည် သူတို့ကို ဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။

  10. စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း အံ့ဩမိန်းမောခြင်းရှိလျက် အထံတော်သို့ ပြေး၍ နှုတ်ဆက်ကြ၏။

  11. ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာ တို့ကို မေးတော်မူလျှင်၊

  12. လူအစုအဝေး၌ပါသော သူတယောက်က၊ အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။

  13. နတ်သည် ဘမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာ လှဲ၍၊ သူသည်လည်း ခံတွင်းမှ အမြှုတ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက်လျက်နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်သော်၊

  14. ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံးနေရ မည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ သည်အတိုင်း၊

  15. ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းသူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုတ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။

  16. ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။

  17. သူငယ်ကို သေစေခြင်းငှါ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော် သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ကယ်တော်မူပါဟု လျှောက်လေ၏။

  18. ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။

  19. သူငယ်၏အဘသည် ချက်ခြင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကို မစ တော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။

  20. ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကား အ သောနတ်၊ သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍ မိန့် တော်မူသဖြင့်၊

  21. နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။

  22. ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည်ထလေ၏။

  23. အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ် နိုင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော်၊

  24. ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မ ထွက်နိုင်ဟု မိန့်တော်မူ၏။

  25. မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင်၊ သူတို့အားထိုသိတင်းကို ကြားပြောလေ၏။