အကြောင်းအရာသို့ ကျော်သွားရန်

Despondency အကြောင်း ကျမ်းစာအခန်းငယ်များ

79 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မြှားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ၏။

  2. ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား။

  3. ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယစ်မူး စေတော်မူ၏။

  4. ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော် မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။

  5. ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏။

  6. သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။

  7. အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။

  8. ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။

  9. ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ၏။

  10. ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရ ဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရ ဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ၏။

  11. ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ် ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ၏။

  12. ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။

  13. ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။

  14. ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ၏။

  15. ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှါ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီး သည် တံစိုးကို စားတတ်၏။ သူတပါးထက်ကြီးသော သူ သည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှါ ပြုတတ်ကြ၏။

  16. အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက် ခက်လှ၏။သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ် ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ။ နှိပ် စက်နှောင့်ရှက်ရာကာလဖြစ်၏။

  17. အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသော သူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သော မယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။

  18. အကြောင်းမူကား၊ သားသည် အဘ၏အသရေ ကို ဖျက်လိမ့်မည်။ သမီးသည် အမိကို၎င်း၊ ချွေးမသည် ယောက္ခမကို၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူ အိမ် သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။

  19. ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည်။

  20. သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကိုပြုသော သူ အပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊

  21. ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော် ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။

  22. အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည်။

  23. ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြ ပါဟု ခေါ်ကြလိမ့်မည်။

  24. မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။

  25. လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ် များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊