Skip to content

Commandments အကြောင်း ကျမ်းစာအခန်းငယ်များ

394 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တညီတညွတ်တည်းရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။

  2. ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြ နှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။

  3. ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။

  4. ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။

  5. ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊

  6. မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။

  7. ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။

  8. သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ်နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။

  9. အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။

  10. သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။

  11. သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊

  12. မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက် ခြင်းရှိလိမ့်မည်။

  13. သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။

  14. လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည့်ညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။

  15. အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။

  16. ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။

  17. သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။

  18. သင်တို့သည် ခရစ်တော်နှင့် အတူသေ၍၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင်၊

  19. မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ် ကြောင့် နားထောင်ကြသနည်း။

  20. လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်း အကြောင်းဖြစ်ကြ၏။

  21. ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။

  22. အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြာလော့။

  23. မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။

  24. ယခုမူကား၊ ထိုအမှုအလုံးစုံတို့ကို၎င်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူးသော စကားကို သုံးခြင်းတို့ကို၎င်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။

  25. အချင်းချင်း မုသာစကားကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏ အကျင့်တို့ နှင့် လူဟောင်း၏ ကိုယ်ကို ချွန်ပယ်၍၊