Skip to content

Chiding အကြောင်း ကျမ်းစာအခန်းငယ်များ

40 အခန်းငယ် · 11 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော။

  2. အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည်။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို၏။

  3. ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍၊ သင်သည်ငါ၌ ပြုသောအမှုကား အဘယ်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်းကို၊ ငါအား အဘယ်ကြောင့် မပြောသနည်း။

  4. ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏ မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။

  5. အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင် သည် ငါတို့၌ အဘယ်သို့ ပြုသနည်း။ သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည် ငါ၌၎င်း ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသော အပြစ်ကိုရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။

  6. တဖန်အဘိမလက်က၊ သင်သည် အဘယ်အမှုကို မြင်၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင်၊

  7. ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင် စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည် ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရ သနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို၏။

  8. အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသော အမှုကား အဘယ်သို့နည်း။ တစုံတယောက်သော သူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည် တကားဟု ဆိုပြီးမှ၊

  9. လာဗန်ကလည်း၊ သင်သည် အဘယ်သို့ ပြုသ နည်း။ စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွား သကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား။

  10. ငါ့ကို လှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍ သီခြင်းဆိုလျက်၊ ပတ်သာနှင့် စောင်းတီးလျက်၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ၊ အဘယ်ကြောင့် ငါ့ကိုမကြား မပြောဘဲ နေသနည်း။

  11. ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှါ၊ အဘယ် ကြောင့် အခွင့်မပေးသနည်း။ သင်သည် မိုက်စွာ ပြုလေ ပြီတကား။

  12. ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည် ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်။ သတိပြုလော့ဟု ငါ့အား မိန့်တော်မူ၏။

  13. ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန် အောက် မေ့သောကြောင့်၊ သွားရသည် ဟုတ်စေတော့။ ငါ၏ ဘုရားတို့ကို အဘယ်ကြောင့် ခိုးယူခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။

  14. ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏။

  15. သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌ တွေ့ လျှင်၊ ထိုသူကို သေစေလော့။ ကျွန်ုပ်တို့ ညီအစ်ကိုများ ရှေ့တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ ယူပါလော့ဟု၊ လာဗန် အား ပြန်ပြော၏။ ရာခေလခိုးကြောင်းကို ယာကုပ်မသိ။

  16. လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မ နှစ်ယောက်တို့၏ တဲသို့ဝင်၍ ရှာသော်လည်း မတွေ့လျှင်၊ လေအာတဲထဲမှ ထွက်၍၊ ရာခေလတဲသို့ ဝင်လေ၏။

  17. ရာခေလသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုပ် ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ် မှာ ထိုင်လျက်နေ၏။ လာဗန်သည် တတဲလုံးကို ရှာဖွေ၍ မတွေ့လျှင်၊

  18. ရာခေလက၊ သခင်ရှေ့မှာ ကျွန်မမထနိုင်သည် ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအား ဆိုလေ၏။ ထိုသို့လာဗန်သည် ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။

  19. ထိုအခါ ယာကုပ်သည် စိတ်ဆိုး၍ လာဗန်ကို ဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း။

  20. ကျွန်ုပ်ဥစ္စာရှိသမျှကို ရှာဖွေသည်ဖြစ်၍၊ သင်၏ ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင်၊ ဤအရပ်၌ထားပါ။ သူတို့ သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာ စီရင်ပါစေ။

  21. ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံး နေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည် ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကို ကျွန်ုပ်မစား။

  22. သားရဲ ကိုက်သတ်သော အကောင်ကိုသင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာ ခိုးသည် ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။

  23. နေ့အချိန်၌လည်း နေပူကို၎င်း၊ ညဉ့်အချိန်၌ လည်း နှင်းခဲကို၎င်း ခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်း ခံရပြီ။

  24. ထိုသို့၊ ကျွန်ုပ်သည် အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌ နေ၍၊ သင်၏သားသမီး နှစ်ယောက် အတွက်ကြောင့် ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက် ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။

  25. ယခုလည်း ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာ ဘုရား သည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ် ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကို ဆုံးမတော်မူပြီဟု ဆိုလေ၏။