Skip to content

Ahikam အကြောင်း ကျမ်းစာအခန်းငယ်များ

38 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန် အသဟိကိုခေါ်၍၊

  2. ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်း စာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရား သည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။

  3. ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။

  4. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသော မင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။

  5. ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာဗဒုန်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အာ သာယကို ခေါ်၍၊

  6. သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့်၊ အသေခံစေခြင်းငှါ လူများ တို့ လက်သို့မအပ်ရ။

  7. ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။

  8. ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒ ပြည်နယ်တွင်၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံ သို့ပြန်၍၊ ပြည်သားများနှင့်အတူနေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့်လက်ဆောင်ကို ပေး၍လွှတ်လိုက်လေ၏။

  9. ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့ သွား၍၊ ပြည်၌ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ၏။

  10. ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိ ကိုပြည်အုပ်အရာ၌ ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူ ရာ၌မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့ နှင့်စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊

  11. နာသနိသားဣရှမေလ၊ ကာရာသားယောဟနန် နှင့်ယောနသန်၊ တာနုမက်သားစရာယ၊ နေတောဖတ် အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုး သားယေဇနိတို့ သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊

  12. ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိက၊ ခါလဒဲမင်း၏အမှုကို ဆောင်ရွက်ရမည် အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌နေ၍ ဗာဗုလုန် ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင်၊ ချမ်းသာရကြလိမ့်မည်။

  13. ငါမူကား၊ လာလတံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှါ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကို၎င်း၊ နွေကာလအသီးကို၎င်း၊ ဆီကို၎င်း သိမ်း၍အိုး၌သိုထားကြလော့။ ယခု ဝင်ပြန်သောမြို့ရွာ တို့၌နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။

  14. ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ ကို ကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏ သား ဂေဒလိကိုမင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊

  15. နှင်ထုတ်ရာပြည်အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်။ ဂေဒလိရှိရာမိဇပါမြို့သို့ရောက်သဖြင့်၊ များစွာ သော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။

  16. ထိုနောက်မှ၊ ကာရာသားယောဟနန်သည် တော၌ရှိသောတပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့ သို့လာ၍၊

  17. ကိုယ်တော်ကိုသတ်စေခြင်းငှါ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကို စေလွှတ် ကြောင်းကို အမှန်သိပါ၏လောဟု မေးလျှောက်သော် လည်း၊ ထိုစကားကို အဟိကံသားဂေဒလိသည်မယုံ။

  18. ထိုအခါ ကာရာသားယောဟနန်ကလည်း၊ အကျွန်ုပ်သွား၍နာသနိသား ဣရှမေလကိုသတ်ရသော အခွင့်ကို ပေးပါလော့။ အဘယ်သူမျှမသိရ။ သူသည် ကိုယ်တော်ကိုသတ်၍၊ ကိုယ်တော်ထံ၌ စုဝေးသောယုဒလူ အပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့်၊ ယုဒပြည်၌ ကျန်ကြွင်းသော သူတို့သည် အဘယ်ကြောင့်ပျက်စီးရ ကြပါမည်နည်းဟု၊ မိဇပါမြို့၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း၊

  19. အဟိကံသားဂေဒလိက၊ သင်သည်ထိုသို့မပြုရ။ ဣရှမေလ၌ မမှန်သောစကားကိုပြန်ပြောပြီဟု၊ ကာရာ သားယောဟနန်အား ပြန်ပြောလေ၏။

  20. သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သားနာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့ သို့လာ၍၊ ထိုမြို့၌တစုတည်းစားသောက်ကြ၏။

  21. ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူ တကျိပ်တို့သည် ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည် အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကိုထားနှင့်ခုတ်၍ သတ်ကြ၏။

  22. ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိ ထံ၌ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။

  23. ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊

  24. ရှေခင်မြို့၊ရှိလောမြို့၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသော ကိုယ်ရှိလျက်၊ ပူဇော သက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ၏။

  25. ထိုသူတို့ကို ကြိုဆိုအံ့သောငှါ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ၏။