- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တရားဟောရာကျမ်း 15:11ခရစ်တော် မပေါ်မီ 1451 ခန့်
သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထို့ကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာ ထား၏။
- တရားဟောရာကျမ်း 15:12ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ညီအစ်ကိုချင်း၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင်၌ ကျွန်ဖြစ်၍၊ ခြောက်နှစ်အစေခံပြီးမှ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည်။
- တရားဟောရာကျမ်း 15:13ခရစ်တော် မပေါ်မီ 1451 ခန့်
လွှတ်သောအခါ၊ လက်ချည်း မလွှတ်ဘဲ၊
- တရားဟောရာကျမ်း 15:14ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်း ကြီးပေးတော်မူသည်အတိုင်း၊ သင်၏သိုးစု၊ ကောက်နယ် တလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည်။
- တရားဟောရာကျမ်း 15:15ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနှုတ်တော်မူကြောင်းကို၎င်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။
- တရားဟောရာကျမ်း 15:16ခရစ်တော် မပေါ်မီ 1451 ခန့်
သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သား တို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏ ဟုဆိုလျှင်၊
- တရားဟောရာကျမ်း 15:17ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည် စူးကိုယူ၍ တံခါး၌ ကျွန်၏နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲ ကျွန်ခံရမည်။ ထိုအတူ ကျွန်မ၌လည်း ပြုရမည်။
- တရားဟောရာကျမ်း 15:18ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ကျွန်ကို လွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက်နှစ်ပတ်လုံး အစေခံ သဖြင့်၊ သူငှားဆောင်ရွက်သောအမှု နှစ်ဆကို သူသည် ဆောင်ရွက်လေပြီ။ သင်၏ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြုလေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။
- တရားဟောရာကျမ်း 15:19ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏သိုးနွားတို့တွင် အဦးဘွားသော အထီးရှိ သမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းစေရမည်။ အဦးဘွားသောနွား၊ အဦးဘွားသော သိုးကို မသုံးဆောင်ရ။
- တရားဟောရာကျမ်း 15:20ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့် တကွ ကိုယ်တိုင်စားရမည်။
- တရားဟောရာကျမ်း 15:21ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခု ရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ။
- တရားဟောရာကျမ်း 15:22ခရစ်တော် မပေါ်မီ 1451 ခန့်
သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကို စားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ သည် အတူစားရကြမည်။
- တရားဟောရာကျမ်း 15:23ခရစ်တော် မပေါ်မီ 1451 ခန့်
သို့ရာတွင် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာသွန်ရမည်။
- တရားဟောရာကျမ်း 16:1ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားသည် အဗိ ဗလ၊ ညဉ့်အခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသောကြောင့်၊ အဗိဗလကို မှတ်၍၊ သင်၏ဘုရား သခင် ထာဝရဘုရားအား ပသခါပွဲကို ခံလော့။
- တရားဟောရာကျမ်း 16:2ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံရမည်။
- တရားဟောရာကျမ်း 16:3ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည် အဲဂုတ္တုပြည်မှထွက်လာသော နေ့ရက်ကို တသက်လုံး အောက်မေ့ဘို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါ သော မုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူ သော ဒုက္ခမုန့်ကို ခုနှစ်ရက်ပတ်လုံးစားရမည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆောထွက် လာသတည်း။
- တရားဟောရာကျမ်း 16:4ခရစ်တော် မပေါ်မီ 1451 ခန့်
ခုနှစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါ သောမုန့်မရှိရ။ ပဌမနေ့ညဦးယံ၌ ပူဇော်သောယဇ်၏အ သားကို တညဉ့်လုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။
- တရားဟောရာကျမ်း 16:5ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့် ရှိသည်မဟုတ်။
- တရားဟောရာကျမ်း 16:6ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန်၊ နေဝင်ရာညဦးယံအချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။
- တရားဟောရာကျမ်း 16:7ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန် ၌ အိမ်သို့ ပြန်သွားရမည်။
- တရားဟောရာကျမ်း 16:8ခရစ်တော် မပေါ်မီ 1451 ခန့်
ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။
- တရားဟောရာကျမ်း 16:9ခရစ်တော် မပေါ်မီ 1451 ခန့်
စပါးကို ရိတ်စကာလနောက်၊ အရေအတွက် အားဖြင့် ခုနှစ်သိတင်းလွန်မှ၊
- တရားဟောရာကျမ်း 16:10ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသော ပူဇော်သက္ကာကို ဆောင်ခဲ့ရမည်။
- တရားဟောရာကျမ်း 16:11ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
- တရားဟောရာကျမ်း 16:12ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။