အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားဟောရာကျမ်း 13:8ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်သည် ဝန်မခံရ။ သူ၏စကားကို နားမထောင် ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဖွက်၍ မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။

  2. တရားဟောရာကျမ်း 13:9ခရစ်တော် မပေါ်မီ 1451 ခန့်

    သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။

  3. တရားဟောရာကျမ်း 13:10ခရစ်တော် မပေါ်မီ 1451 ခန့်

    ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ် ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။

  4. တရားဟောရာကျမ်း 13:11ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသိတင်းကို ဣသရေလအမျိုးသားအပေါင်းတို့ သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။

  5. တရားဟောရာကျမ်း 13:12ခရစ်တော် မပေါ်မီ 1451 ခန့်

    အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊

  6. တရားဟောရာကျမ်း 13:13ခရစ်တော် မပေါ်မီ 1451 ခန့်

    အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြု ကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူ မြို့သားတို့ကို သွေး ဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်နေစရာဘို့ ပေးတော်မူသော မြို့တစုံတမြို့၌ သင်သည် သိတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။

  7. တရားဟောရာကျမ်း 13:14ခရစ်တော် မပေါ်မီ 1451 ခန့်

    သိတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့သော စက်ဆုပ်ဘွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊

  8. တရားဟောရာကျမ်း 13:15ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုမြို့သူမြို့သားတို့ကို ထားနှင့်လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ထားနှင့် ရှင်းရှင်းဖျက်ဆီးရမည်။

  9. တရားဟောရာကျမ်း 13:16ခရစ်တော် မပေါ်မီ 1451 ခန့်

    လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ်၌ စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ ဘုရားသခင် ထာဝရဘုရားအဘို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တဖန် မတည် မဆောက်ရ။

  10. တရားဟောရာကျမ်း 13:17ခရစ်တော် မပေါ်မီ 1451 ခန့်

    ထာဝရဘုရားသည် အမျက်တော်အရှိန်ကို ငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေ တော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။

  11. တရားဟောရာကျမ်း 13:18ခရစ်တော် မပေါ်မီ 1451 ခန့်

    ယနေ့ ငါမှာထားသည်အတိုင်း သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ဘုရား သခင် ထာဝရဘုရား နှစ်သက်တော်မူဘွယ်ပြုသော အခါ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။

  12. တရားဟောရာကျမ်း 14:1ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သားဖြစ်ကြ၏။ သေသောသူအတွက် အသားကို မခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ။

  13. တရားဟောရာကျမ်း 14:2ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအဘို့၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ၏။ ထာဝရ ဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက်၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ။

  14. တရားဟောရာကျမ်း 14:3ခရစ်တော် မပေါ်မီ 1451 ခန့်

    စက်ဆုပ်ရွံ့ရှာဘွယ်သော အရာကို သင်တို့ မစားရ။

  15. တရားဟောရာကျမ်း 14:4ခရစ်တော် မပေါ်မီ 1451 ခန့်

    စားရသော တိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊

  16. တရားဟောရာကျမ်း 14:5ခရစ်တော် မပေါ်မီ 1451 ခန့်

    သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရ အစရှိသော၊

  17. တရားဟောရာကျမ်း 14:6ခရစ်တော် မပေါ်မီ 1451 ခန့်

    ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို စားရသောအခွင့်ရှိ၏။

  18. တရားဟောရာကျမ်း 14:7ခရစ်တော် မပေါ်မီ 1451 ခန့်

    သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြား သော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလား အုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။

  19. တရားဟောရာကျမ်း 14:8ခရစ်တော် မပေါ်မီ 1451 ခန့်

    ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန် သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။

  20. တရားဟောရာကျမ်း 14:9ခရစ်တော် မပေါ်မီ 1451 ခန့်

    ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယပ် နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။

  21. တရားဟောရာကျမ်း 14:10ခရစ်တော် မပေါ်မီ 1451 ခန့်

    အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။

  22. တရားဟောရာကျမ်း 14:11ခရစ်တော် မပေါ်မီ 1451 ခန့်

    စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။

  23. တရားဟောရာကျမ်း 14:12ခရစ်တော် မပေါ်မီ 1451 ခန့်

    မစားရသော ငှက်ဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊

  24. တရားဟောရာကျမ်း 14:13ခရစ်တော် မပေါ်မီ 1451 ခန့်

    ဒါဟ၊ စွန်၊ လင်းတကြမ်းမျိုး၊

  25. တရားဟောရာကျမ်း 14:14ခရစ်တော် မပေါ်မီ 1451 ခန့်

    ကျီးမျိုးရှိသမျှ၊