အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားဟောရာကျမ်း 14:15ခရစ်တော် မပေါ်မီ 1451 ခန့်

    ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊

  2. တရားဟောရာကျမ်း 14:16ခရစ်တော် မပေါ်မီ 1451 ခန့်

    ဇိကွက်၊ ဣဗိတ်၊ ငှက်ကျား၊

  3. တရားဟောရာကျမ်း 14:17ခရစ်တော် မပေါ်မီ 1451 ခန့်

    ဝံပို၊ ဝံလို၊ ကြိုးကြာ၊

  4. တရားဟောရာကျမ်း 14:18ခရစ်တော် မပေါ်မီ 1451 ခန့်

    တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊

  5. တရားဟောရာကျမ်း 14:19ခရစ်တော် မပေါ်မီ 1451 ခန့်

    အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန် ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသား ကို မစားရ။

  6. တရားဟောရာကျမ်း 14:20ခရစ်တော် မပေါ်မီ 1451 ခန့်

    စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။

  7. တရားဟောရာကျမ်း 14:21ခရစ်တော် မပေါ်မီ 1451 ခန့်

    အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့ ၌ တည်းခိုသော တပါးအမျိုးသားစားစရာဘို့ ပေးရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိ နို့ရည်နှင့် မပြုတ်မချက်ရ။

  8. တရားဟောရာကျမ်း 14:22ခရစ်တော် မပေါ်မီ 1451 ခန့်

    လယ်ယာ၌ တနှစ်တနှစ်တွင် သိမ်းရသော အသီးအနှံဆယ်ဘို့တဘို့ကို အမှန်ခွဲထားရမည်။

  9. တရားဟောရာကျမ်း 14:23ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း၊ သင်ရကြလိမ့်မည်။

  10. တရားဟောရာကျမ်း 14:24ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောအခါ၊ နာမတော်ကို တည်စေ ဘို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း၍ ခရီးရှည်လျားသဖြင့်၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မသွားနိုင်လျှင်၊

  11. တရားဟောရာကျမ်း 14:25ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူ သော အရပ်သို့သွား၍၊

  12. တရားဟောရာကျမ်း 14:26ခရစ်တော် မပေါ်မီ 1451 ခန့်

    စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။

  13. တရားဟောရာကျမ်း 14:27ခရစ်တော် မပေါ်မီ 1451 ခန့်

    သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသား ဟူမူကား၊ သင်တို့နှင့်ရော၍၊ အဘို့မရှိ၊ အမွေကို မခံရ သောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊

  14. တရားဟောရာကျမ်း 14:28ခရစ်တော် မပေါ်မီ 1451 ခန့်

    တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။

  15. တရားဟောရာကျမ်း 14:29ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုး သား၊ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းကြီး ပေးတော်မူမည်။

  16. တရားဟောရာကျမ်း 15:1ခရစ်တော် မပေါ်မီ 1451 ခန့်

    ခုနစ်နှစ်တခါ လွှတ်ခြင်းကို ပြုရမည်။

  17. တရားဟောရာကျမ်း 15:2ခရစ်တော် မပေါ်မီ 1451 ခန့်

    လွှတ်ခြင်းတရား ဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည် ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။

  18. တရားဟောရာကျမ်း 15:3ခရစ်တော် မပေါ်မီ 1451 ခန့်

    တကျွန်းတနိုင်ငံသား၌ တောင်းရသောအခွင့် ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။

  19. တရားဟောရာကျမ်း 15:4ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၌ ဆင်းရဲသား မရှိစေခြင်းငှာ၊ ထိုသို့ပြုရ မည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည် အမွေခံ ဘို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည်။

  20. တရားဟောရာကျမ်း 15:5ခရစ်တော် မပေါ်မီ 1451 ခန့်

    ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင် လော့။

  21. တရားဟောရာကျမ်း 15:6ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့် မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ။

  22. တရားဟောရာကျမ်း 15:7ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။

  23. တရားဟောရာကျမ်း 15:8ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏လက်ကို သူ့အဘို့ ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။

  24. တရားဟောရာကျမ်း 15:9ခရစ်တော် မပေါ်မီ 1451 ခန့်

    သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့။

  25. တရားဟောရာကျမ်း 15:10ခရစ်တော် မပေါ်မီ 1451 ခန့်

    အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသော အခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါန ကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။