အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားဟောရာကျမ်း 16:13ခရစ်တော် မပေါ်မီ 1451 ခန့်

    စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနှစ်ရက် ပတ်လုံး သကေနေပွဲကို ခံရကြမည်။

  2. တရားဟောရာကျမ်း 16:14ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သား သမီး၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။

  3. တရားဟောရာကျမ်း 16:15ခရစ်တော် မပေါ်မီ 1451 ခန့်

    ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌၊ ခုနှစ်ရက်ပတ်လုံး သင်၏ဘုရားသခင် ထာဝရ ဘုရားအဘို့၊ ဓမ္မပွဲကို ခံရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ တိုးပွားလေရာရာ၊ သင်လုပ်ဆောင် လေရာရာ၌ ကောင်းကြီးပေးတော်မူသောကြောင့်၊ အမှတ်ရွှင်လန်းခြင်းကို ပြုရမည်။

  4. တရားဟောရာကျမ်း 16:16ခရစ်တော် မပေါ်မီ 1451 ခန့်

    အဇုမပွဲခံချိန်၊ ခုနှစ်သိတင်းပွဲခံချိန်၊ သကေနေ ပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။

  5. တရားဟောရာကျမ်း 16:17ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့်၊ လူအသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည်။

  6. တရားဟောရာကျမ်း 16:18ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြား ခန့်ထားရမည်။ သူတို့ သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြ မည်။

  7. တရားဟောရာကျမ်း 16:19ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိ မျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏ စကားကို ကောက်စေတတ်၏။

  8. တရားဟောရာကျမ်း 16:20ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အ ကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။

  9. တရားဟောရာကျမ်း 16:21ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သင် တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့ သော အာရှရပင်ကိုမျှ မစိုက်ရ။

  10. တရားဟောရာကျမ်း 16:22ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရား မုန်းတော်မူ သော ရုပ်တုဆင်းတုကို မတည်မထားရ။

  11. တရားဟောရာကျမ်း 17:1ခရစ်တော် မပေါ်မီ 1451 ခန့်

    အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာ ပါသော သိုး၊ နွားကို၊ သင်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်မပူဇော်ရ။ ထိုသို့သော ယဇ်ကို သင်၏ဘုရား သခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။

  12. တရားဟောရာကျမ်း 17:2ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့တို့တွင်၊

  13. တရားဟောရာကျမ်း 17:3ခရစ်တော် မပေါ်မီ 1451 ခန့်

    နေ၊ လ၊ မိုဃ်းကောင်းကင် တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတပါးသော ဘုရားတို့ကို သွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊

  14. တရားဟောရာကျမ်း 17:4ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်သည် သိတင်းကြား၍ စေ့စေ့မေးမြန်းသော အခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုမိသည်မှန်လျှင်၊

  15. တရားဟောရာကျမ်း 17:5ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုဒုစရိုက်ကို ပြုမိသော ယောက်ျား မိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေ သတ်ရမည်။

  16. တရားဟောရာကျမ်း 17:6ခရစ်တော် မပေါ်မီ 1451 ခန့်

    သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သော သူသည် အသေခံရမည်။ သက်သေခံ တယောက်တည်းရှိလျှင် အသေမခံရ။

  17. တရားဟောရာကျမ်း 17:7ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံ တို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။

  18. တရားဟောရာကျမ်း 17:8ခရစ်တော် မပေါ်မီ 1451 ခန့်

    သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊

  19. တရားဟောရာကျမ်း 17:9ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုကာလအခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဘော်ပြရမည်။

  20. တရားဟောရာကျမ်း 17:10ခရစ်တော် မပေါ်မီ 1451 ခန့်

    ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် သားတို့သည် ဘော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။

  21. တရားဟောရာကျမ်း 17:11ခရစ်တော် မပေါ်မီ 1451 ခန့်

    သူတို့ဘော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြား ပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြ သော စီရင်ချက်မှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။

  22. တရားဟောရာကျမ်း 17:12ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကို စောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီး စကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေ သတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကို ပယ်ရမည်။

  23. တရားဟောရာကျမ်း 17:13ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသိတင်းကို လူခပ်သိမ်းတို့သည် ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည်။

  24. တရားဟောရာကျမ်း 17:14ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်ကို သင်သည် ဝင်စား၍ နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌ နေသော တပါးသော လူမျိုးအပေါင်းတို့ နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစုံတယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊

  25. တရားဟောရာကျမ်း 17:15ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသား ချင်းမဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ။