- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446–1406 BC
The Wilderness Years
Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.
ဤကာလမှ အခန်းငယ်များ
- တရားဟောရာကျမ်း 17:16ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုရှင်ဘုရင်သည် ကိုယ်အဘို့ များစွာသော မြင်း တို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကို မပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့ မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
- တရားဟောရာကျမ်း 17:17ခရစ်တော် မပေါ်မီ 1451 ခန့်
သူ၏ စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူ ရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။
- တရားဟောရာကျမ်း 17:18ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည်။
- တရားဟောရာကျမ်း 17:19ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည်။
- တရားဟောရာကျမ်း 17:20ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည်။
- တရားဟောရာကျမ်း 18:1ခရစ်တော် မပေါ်မီ 1451 ခန့်
လေဝိသားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဘို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏ အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည်။
- တရားဟောရာကျမ်း 18:2ခရစ်တော် မပေါ်မီ 1451 ခန့်
ထို့ကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။
- တရားဟောရာကျမ်း 18:3ခရစ်တော် မပေါ်မီ 1451 ခန့်
လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊
- တရားဟောရာကျမ်း 18:4ခရစ်တော် မပေါ်မီ 1451 ခန့်
အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို ၎င်း လှူရမည်။
- တရားဟောရာကျမ်း 18:5ခရစ်တော် မပေါ်မီ 1451 ခန့်
အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက် တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ် ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်၏ အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကို ရွေးကောက်တော်မူပြီ။
- တရားဟောရာကျမ်း 18:6ခရစ်တော် မပေါ်မီ 1451 ခန့်
ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသား တစုံတယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူ သောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာ လျှင်၊
- တရားဟောရာကျမ်း 18:7ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားရှေ့တော်၌ နေရာရသော ညီအစ် ကို လေဝိသားအပေါင်းတို့နည်းတူ သူ၏ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။
- တရားဟောရာကျမ်း 18:8ခရစ်တော် မပေါ်မီ 1451 ခန့်
သူ၏အမွေကို ရောင်း၍ရသော ဥစ္စာမှတပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။
- တရားဟောရာကျမ်း 18:9ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေ သော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဘွယ်အမှု တို့ကို ပြုခြင်းငှာ မသင်ရ။
- တရားဟောရာကျမ်း 18:10ခရစ်တော် မပေါ်မီ 1451 ခန့်
သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သော သူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြော သောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊
- တရားဟောရာကျမ်း 18:11ခရစ်တော် မပေါ်မီ 1451 ခန့်
ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစုံတယောက်မျှ မရှိရ။
- တရားဟောရာကျမ်း 18:12ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ် ရွံရှာဘွယ် သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။
- တရားဟောရာကျမ်း 18:13ခရစ်တော် မပေါ်မီ 1451 ခန့်
သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။
- တရားဟောရာကျမ်း 18:14ခရစ်တော် မပေါ်မီ 1451 ခန့်
သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဉာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ၏။ သင်မူကား ထိုသို့ ပြုရအောင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။
- တရားဟောရာကျမ်း 18:15ခရစ်တော် မပေါ်မီ 1451 ခန့်
သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရော ဖက်တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရမည်။
- တရားဟောရာကျမ်း 18:16ခရစ်တော် မပေါ်မီ 1451 ခန့်
ဟောရပ်အရပ်တွင် စည်းဝေးကြသော နေ့၌ သင်က၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏ စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည် ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊
- တရားဟောရာကျမ်း 18:17ခရစ်တော် မပေါ်မီ 1451 ခန့်
ထာဝရဘုရားက၊ သူတို့ စကားသည် လျောက် ပတ်ပေ၏။
- တရားဟောရာကျမ်း 18:18ခရစ်တော် မပေါ်မီ 1451 ခန့်
သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထား သမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။
- တရားဟောရာကျမ်း 18:19ခရစ်တော် မပေါ်မီ 1451 ခန့်
ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြော သော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့၊ ထိုသူကို ငါစစ်ကြောမည်။
- တရားဟောရာကျမ်း 18:20ခရစ်တော် မပေါ်မီ 1451 ခန့်
ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ် ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ၏။