အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 4:32ခရစ်နှစ် 27 ခန့်

    အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကိုအလွန်အံ့ဩကြ၏။

  2. ရှင်လုကာခရစ်ဝင် 4:33ခရစ်နှစ် 27 ခန့်

    ထိုတရားစရပ်၌ ညစ်ညူးသော နတ်ဆိုးစွဲသောသူတယောက်ရှိ၍၊

  3. ရှင်လုကာခရစ်ဝင် 4:34ခရစ်နှစ် 27 ခန့်

    ဪနာဇရပ်မြို့သား ယေရှုကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ၏။

  4. ရှင်လုကာခရစ်ဝင် 4:35ခရစ်နှစ် 27 ခန့်

    ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ် ဆိုးသည်ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။

  5. ရှင်လုကာခရစ်ဝင် 4:36ခရစ်နှစ် 27 ခန့်

    လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သော စကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေး ပြော ဆိုကြ၏။

  6. ရှင်လုကာခရစ်ဝင် 4:37ခရစ်နှစ် 27 ခန့်

    သိတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။

  7. ရှင်လုကာခရစ်ဝင် 4:38ခရစ်နှစ် 27 ခန့်

    တရားစရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲ သည်ဖြစ်၍ သူ့အတွက်ကိုယ်တော်ကိုတောင် လျှောက်ကြ၏။

  8. ရှင်လုကာခရစ်ဝင် 4:39ခရစ်နှစ် 27 ခန့်

    ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာရပ်၍ ဖျားနာကိုဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက် သဖြင့် ချက်ခြင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။

  9. ရှင်လုကာခရစ်ဝင် 4:40ခရစ်နှစ် 27 ခန့်

    နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထို လူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့ အပေါ်၌လက်တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။

  10. ရှင်လုကာခရစ်ဝင် 4:41ခရစ်နှစ် 27 ခန့်

    နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူ ၏ဟု ဟစ်ကြော်လျက်လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသော ကြောင့် စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ၏။

  11. ရှင်လုကာခရစ်ဝင် 4:42ခရစ်နှစ် 27 ခန့်

    မိုဃ်းလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူအများတို့သည် ကိုယ်တော်ကိုရှာကြ၏၊ အထံတော်သို့ရောက်လျှင်၊ မိမိတို့နေရာမှ ထွက်ကြွတော် မမူမည်အကြောင်း ဆီးတားကြ၏။

  12. ရှင်လုကာခရစ်ဝင် 4:43ခရစ်နှစ် 27 ခန့်

    ကိုယ်တော်ကလည်း၊ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့ ၌ ငါဟောပြောရမည်။

  13. ရှင်လုကာခရစ်ဝင် 4:44ခရစ်နှစ် 27 ခန့်

    ထိုသို့အလို့ငှါ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊ ဂါလိလဲပြည်မှာ တရားစရပ်တို့၌ တရား ဟောပြောလျက်နေတော်မူ၏။

  14. ရှင်လုကာခရစ်ဝင် 5:1ခရစ်နှစ် 31 ခန့်

    တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းမြင် တော်မူ၏။

  15. ရှင်လုကာခရစ်ဝင် 5:2ခရစ်နှစ် 31 ခန့်

    တံငါတို့သည် လှေထဲကထွက်၍ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။

  16. ရှင်လုကာခရစ်ဝင် 5:3ခရစ်နှစ် 31 ခန့်

    ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှါ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။

  17. ရှင်လုကာခရစ်ဝင် 5:4ခရစ်နှစ် 31 ခန့်

    စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ၏။

  18. ရှင်လုကာခရစ်ဝင် 5:5ခရစ်နှစ် 31 ခန့်

    ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ။ သို့ရာ တွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။

  19. ရှင်လုကာခရစ်ဝင် 5:6ခရစ်နှစ် 31 ခန့်

    ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။

  20. ရှင်လုကာခရစ်ဝင် 5:7ခရစ်နှစ် 31 ခန့်

    အခြားသော လှေတစင်း၌ရှိသော အပေါင်းအဘော်တို့သည်လာ၍ကူညီစေခြင်းငှါ သူတို့ကို အမှတ် ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။

  21. ရှင်လုကာခရစ်ဝင် 5:8ခရစ်နှစ် 31 ခန့်

    ရှိမုန် ပေတရုသ်မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကိုဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသော သူ ဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။

  22. ရှင်လုကာခရစ်ဝင် 5:9ခရစ်နှစ် 31 ခန့်

    အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကိုထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့်ပါသမျှသောသူတို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။

  23. ရှင်လုကာခရစ်ဝင် 5:10ခရစ်နှစ် 31 ခန့်

    ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

  24. ရှင်လုကာခရစ်ဝင် 5:11ခရစ်နှစ် 31 ခန့်

    ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။

  25. ရှင်လုကာခရစ်ဝင် 5:12ခရစ်နှစ် 31 ခန့်

    ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြစ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။