circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်လုကာခရစ်ဝင် 3:20ခရစ်နှစ် 26 ခန့်
ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ ပြစ်သစ်ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။
- ရှင်လုကာခရစ်ဝင် 3:21ခရစ်နှစ် 26 ခန့်
လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ် တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊
- ရှင်လုကာခရစ်ဝင် 3:22ခရစ်နှစ် 26 ခန့်
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်ပေါ်၌ ဆင်းသက်တော် မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
- ရှင်လုကာခရစ်ဝင် 3:23ခရစ်နှစ် 26 ခန့်
ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘဧလိ၊
- ရှင်လုကာခရစ်ဝင် 3:24ခရစ်နှစ် 26 ခန့်
ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ ပေလခိဘ ယန္န၊ ယန္နအဘ ယောသပ်၊
- ရှင်လုကာခရစ်ဝင် 3:25ခရစ်နှစ် 26 ခန့်
ယောသပ်အဘ မတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊
- ရှင်လုကာခရစ်ဝင် 3:26ခရစ်နှစ် 26 ခန့်
ဧသလိအဘနဂ္ဂဲ၊ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမိအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘယေဟန္န၊
- ရှင်လုကာခရစ်ဝင် 3:27ခရစ်နှစ် 26 ခန့်
ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရု ဗဗေလ၊ ဇေရုဗဗေလအဘ ရှာလသေလ၊ ရှာလသေလ အဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊
- ရှင်လုကာခရစ်ဝင် 3:28ခရစ်နှစ် 26 ခန့်
အဒ္ဒိအဘကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘ ဧရ၊
- ရှင်လုကာခရစ်ဝင် 3:29ခရစ်နှစ် 26 ခန့်
ဧရအဘ ယောသေ၊ ယောသေအဘဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘမဿတ်၊ မဿတ်အဘလေဝိ၊
- ရှင်လုကာခရစ်ဝင် 3:30ခရစ်နှစ် 26 ခန့်
လေဝိအဘရှိမောင်၊ ရှိမောင်အဘယုဒ၊ ယုဒ အဘယောသပ်၊ ယောသပ် အဘယောနန်၊ ယောနန်အဘ ဧလျောတိမ်၊ ဧလျာကိမ် အဘမေလေ၊
- ရှင်လုကာခရစ်ဝင် 3:31ခရစ်နှစ် 26 ခန့်
မေလေအဘမဲနန်၊ မဲနန်အဘမတ္တသ၊ မတ္တသ အဘနာသန်၊ နာသန့်အဘဒါဝိဒ်၊
- ရှင်လုကာခရစ်ဝင် 3:32ခရစ်နှစ် 26 ခန့်
ဒါဝိဒ်အဘယေရှဲ၊ ယေရှဲ အဘဩဗက်၊ ဩဇက် အာဘဗောဇ၊ ဗောဇအဘစာလမုန်၊ စာလမုန်အဘ နာရှန်၊
- ရှင်လုကာခရစ်ဝင် 3:33ခရစ်နှစ် 26 ခန့်
နာရှုန်အဘအမိနဒဝ်၊ အမိနဒဝ်အဘအာရံ၊ အာရံအဘဟေဇရုံ၊ ဟေဇရုံအဘဖာရက်၊ ဖာရက် အဘယုဒ၊
- ရှင်လုကာခရစ်ဝင် 3:34ခရစ်နှစ် 26 ခန့်
ယုဒအဘ ယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘအာဗြဟံ၊ အာဗြဟံအဘတေရ၊ တေရအဘ နာခေါ်၊
- ရှင်လုကာခရစ်ဝင် 3:35ခရစ်နှစ် 26 ခန့်
နာခေါ်အဘစေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘ ရှာလ၊
- ရှင်လုကာခရစ်ဝင် 3:36ခရစ်နှစ် 26 ခန့်
ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘ ရှေမ၊ ရှေမအဘနောဧ၊ နောဧအဘလာမက်၊
- ရှင်လုကာခရစ်ဝင် 3:37ခရစ်နှစ် 26 ခန့်
လာမက်အဘ မသုရှလ၊ မသုရှလအဘ ဧနောက်၊ ဧနောက်အဘယာရက်၊ ယာရက်အဘ မဟာ လေလေလ၊ မဟာလေလေလအဘ ကာဣနန်၊
- ရှင်လုကာခရစ်ဝင် 3:38ခရစ်နှစ် 26 ခန့်
ကာဣနန် အဘဧနုတ်၊ ဧနုတ်အဘရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘဘုရား သခင်ပေတည်း။
- ရှင်လုကာခရစ်ဝင် 4:1ခရစ်နှစ် 27 ခန့်
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ ပို့ဆောင်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 4:2ခရစ်နှစ် 27 ခန့်
အရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 4:3ခရစ်နှစ် 27 ခန့်
မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေ ခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
- ရှင်လုကာခရစ်ဝင် 4:4ခရစ်နှစ် 27 ခန့်
ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။
- ရှင်လုကာခရစ်ဝင် 4:5ခရစ်နှစ် 27 ခန့်
တဖန်မာရ်နတ်သည် ယေရှုကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊
- ရှင်လုကာခရစ်ဝင် 4:6ခရစ်နှစ် 27 ခန့်
ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအားပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။