အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 2:22ခရစ်နှစ် 4 ခန့်

    ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့ သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊

  2. ရှင်လုကာခရစ်ဝင် 2:23ခရစ်နှစ် 4 ခန့်

    သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ၏ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာ သည်နှင့်အညီ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ၊

  3. ရှင်လုကာခရစ်ဝင် 2:24ခရစ်နှစ် 4 ခန့်

    ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိ ကျမ်းလာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။

  4. ရှင်လုကာခရစ်ဝင် 2:25ခရစ်နှစ် 4 ခန့်

    ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ် သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊

  5. ရှင်လုကာခရစ်ဝင် 2:26ခရစ်နှစ် 4 ခန့်

    သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ၏။

  6. ရှင်လုကာခရစ်ဝင် 2:27ခရစ်နှစ် 4 ခန့်

    ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ် တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊

  7. ရှင်လုကာခရစ်ဝင် 2:28ခရစ်နှစ် 4 ခန့်

    ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက်၍၊

  8. ရှင်လုကာခရစ်ဝင် 2:29ခရစ်နှစ် 4 ခန့်

    ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ် တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။

  9. ရှင်လုကာခရစ်ဝင် 2:30ခရစ်နှစ် 4 ခန့်

    ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။

  10. ရှင်လုကာခရစ်ဝင် 2:31ခရစ်နှစ် 4 ခန့်

    ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။

  11. ရှင်လုကာခရစ်ဝင် 2:32ခရစ်နှစ် 4 ခန့်

    ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။

  12. ရှင်လုကာခရစ်ဝင် 2:33ခရစ်နှစ် 4 ခန့်

    ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။

  13. ရှင်လုကာခရစ်ဝင် 2:34ခရစ်နှစ် 4 ခန့်

    ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။

  14. ရှင်လုကာခရစ်ဝင် 2:35ခရစ်နှစ် 4 ခန့်

    ထိုမှတပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။

  15. ရှင်လုကာခရစ်ဝင် 2:36ခရစ်နှစ် 4 ခန့်

    အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင်၊

  16. ရှင်လုကာခရစ်ဝင် 2:37ခရစ်နှစ် 4 ခန့်

    အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။

  17. ရှင်လုကာခရစ်ဝင် 2:38ခရစ်နှစ် 4 ခန့်

    သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။

  18. ရှင်လုကာခရစ်ဝင် 2:39ခရစ်နှစ် 4 ခန့်

    မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲ ပြည်၊ နာဇရက်အမည်ရှိသော မိမိတို့ မြို့သို့ပြန်ကြ၏။

  19. ရှင်လုကာခရစ်ဝင် 2:40ခရစ်နှစ် 4 ခန့်

    သူငယ်သည်လည်းကြီးပွား၍ပညာဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။

  20. ရှင်လုကာခရစ်ဝင် 2:41ခရစ်နှစ် 8 ခန့်

    မိဘတို့သည် နှစ်တိုင်းအစဉ်ပသခါ ပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့သွားကြ၏။

  21. ရှင်လုကာခရစ်ဝင် 2:42ခရစ်နှစ် 8 ခန့်

    ယေရှုသည် တဆယ်နှစ်နှစ်ရှိသောအခါ ပသခါ ပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့တက်ကြ၍၊

  22. ရှင်လုကာခရစ်ဝင် 2:43ခရစ်နှစ် 8 ခန့်

    ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကို မသိ၍၊

  23. ရှင်လုကာခရစ်ဝင် 2:44ခရစ်နှစ် 8 ခန့်

    အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုး အသိ အကျွမ်းတို့တွင်ရှာ၍၊

  24. ရှင်လုကာခရစ်ဝင် 2:45ခရစ်နှစ် 8 ခန့်

    မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်၍ရှာကြ၏။

  25. ရှင်လုကာခရစ်ဝင် 2:46ခရစ်နှစ် 8 ခန့်

    သူငယ်မူကား၊ ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှတွေ့ကြ၏။