အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်လုကာခရစ်ဝင် 2:47ခရစ်နှစ် 8 ခန့်

    သူ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကို၎င်း၊ စကားအဖြေကို၎င်း အံ့ဩကြ၏။

  2. ရှင်လုကာခရစ်ဝင် 2:48ခရစ်နှစ် 8 ခန့်

    မိဘတို့သည် သားကိုမြင်လျှင်မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာကြပြီဟုဆိုသော်၊

  3. ရှင်လုကာခရစ်ဝင် 2:49ခရစ်နှစ် 8 ခန့်

    ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည်အဘ၏ အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊

  4. ရှင်လုကာခရစ်ဝင် 2:50ခရစ်နှစ် 8 ခန့်

    သူတို့သည် ထိုစကားကိုနားမလည်ကြ။

  5. ရှင်လုကာခရစ်ဝင် 2:51ခရစ်နှစ် 8 ခန့်

    ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နား ထောင်လျက်နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။

  6. ရှင်လုကာခရစ်ဝင် 2:52ခရစ်နှစ် 8 ခန့်

    ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာ ရတော်မူ၏။

  7. ရှင်လုကာခရစ်ဝင် 3:1ခရစ်နှစ် 26 ခန့်

    ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စောဘွားအရာ၊

  8. ရှင်လုကာခရစ်ဝင် 3:2ခရစ်နှစ် 26 ခန့်

    အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးအသီးရှိကြသောအခါ၊ တော၌ရှိသော ဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။

  9. ရှင်လုကာခရစ်ဝင် 3:3ခရစ်နှစ် 26 ခန့်

    ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။

  10. ရှင်လုကာခရစ်ဝင် 3:4ခရစ်နှစ် 26 ခန့်

    လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရ မည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။

  11. ရှင်လုကာခရစ်ဝင် 3:5ခရစ်နှစ် 26 ခန့်

    ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။

  12. ရှင်လုကာခရစ်ဝင် 3:6ခရစ်နှစ် 26 ခန့်

    လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့် လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။

  13. ရှင်လုကာခရစ်ဝင် 3:7ခရစ်နှစ် 26 ခန့်

    ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှါလာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိ ပေးဘိသနည်း။

  14. ရှင်လုကာခရစ်ဝင် 3:8ခရစ်နှစ် 26 ခန့်

    နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်း နိုင်တော်မူသည်ဟု ငါအမှန်ဆို၏။

  15. ရှင်လုကာခရစ်ဝင် 3:9ခရစ်နှစ် 26 ခန့်

    သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။

  16. ရှင်လုကာခရစ်ဝင် 3:10ခရစ်နှစ် 26 ခန့်

    လူအစုအဝေးကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြ သော်၊

  17. ရှင်လုကာခရစ်ဝင် 3:11ခရစ်နှစ် 26 ခန့်

    ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည် လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။

  18. ရှင်လုကာခရစ်ဝင် 3:12ခရစ်နှစ် 26 ခန့်

    အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှါလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည် နည်းဟု မေးလျှောက်ကြလျှင်၊

  19. ရှင်လုကာခရစ်ဝင် 3:13ခရစ်နှစ် 26 ခန့်

    သတို့သခင်သည် ခွဲဝေစီမံသည်ထက်သာ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော၏။

  20. ရှင်လုကာခရစ်ဝင် 3:14ခရစ်နှစ် 26 ခန့်

    စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့ သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။

  21. ရှင်လုကာခရစ်ဝင် 3:15ခရစ်နှစ် 26 ခန့်

    လူအများတို့သည် မြော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေး တောဆင်ခြင်ကြစဉ်၊

  22. ရှင်လုကာခရစ်ဝင် 3:16ခရစ်နှစ် 26 ခန့်

    ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည်သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ခြေတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်။ ထို သူသည် သန့်ရှင်းသောဝိညာဉ်တော်၌၎င်း၊ မီး၌၎င်း သင်တို့ကိုဗတ္တဇံကိုပေးမည်။

  23. ရှင်လုကာခရစ်ဝင် 3:17ခရစ်နှစ် 26 ခန့်

    လက်တော်တွင် စံကောပါလျက် မိမိကောက် နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို၏။

  24. ရှင်လုကာခရစ်ဝင် 3:18ခရစ်နှစ် 26 ခန့်

    အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူအများတို့အား ဟောပြော လေ၏။

  25. ရှင်လုကာခရစ်ဝင် 3:19ခရစ်နှစ် 26 ခန့်

    ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ၏ ခင်ပွန်းဟေရောဒိအကြောင်းမှစ၍၊ မိမိပြုသောဒုစရိုက် အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဘော်ပြဆုံးမသောကြောင့်၊