အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း။ ဆန့်တော် မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း။

  2. ဟေရှာယအနာဂတ္တိကျမ်း 14:28ခရစ်တော် မပေါ်မီ 726 ခန့်

    အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသော ဗျာဒိတ်တော် ဟူမူကား၊

  3. ဟေရှာယအနာဂတ္တိကျမ်း 14:29ခရစ်တော် မပေါ်မီ 726 ခန့်

    အိုဖိလိတ္တိပြည်လုံး၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်ကိုထောက်၍၊ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည်။

  4. ဟေရှာယအနာဂတ္တိကျမ်း 14:30ခရစ်တော် မပေါ်မီ 726 ခန့်

    အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ်ရကြလိမ့်မည်။ ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊သင်၏ အကြွင်းကို လည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်။

  5. ဟေရှာယအနာဂတ္တိကျမ်း 14:31ခရစ်တော် မပေါ်မီ 726 ခန့်

    အိုတံခါး၊ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင် တွေလျက်ရှိ ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ။

  6. ဟေရှာယအနာဂတ္တိကျမ်း 14:32ခရစ်တော် မပေါ်မီ 726 ခန့်

    တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်ဖြစ်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။

  7. ဟေရှာယအနာဂတ္တိကျမ်း 15:1ခရစ်တော် မပေါ်မီ 726 ခန့်

    မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက် စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။

  8. ဟေရှာယအနာဂတ္တိကျမ်း 15:2ခရစ်တော် မပေါ်မီ 726 ခန့်

    ပြည်သားတို့သည် ဗက်မြို့၊ဒိဘုန်မြို့၌ မြင့် သောအရပ်သို့ တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူ တို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ။

  9. ဟေရှာယအနာဂတ္တိကျမ်း 15:3ခရစ်တော် မပေါ်မီ 726 ခန့်

    လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည် ကျကြ၏။

  10. ဟေရှာယအနာဂတ္တိကျမ်း 15:4ခရစ်တော် မပေါ်မီ 726 ခန့်

    ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘ သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ၏။

  11. ဟေရှာယအနာဂတ္တိကျမ်း 15:5ခရစ်တော် မပေါ်မီ 726 ခန့်

    ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။

  12. ဟေရှာယအနာဂတ္တိကျမ်း 15:6ခရစ်တော် မပေါ်မီ 726 ခန့်

    အကြောင်းမူကား၊နိမရိမ် ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များ လည်း သေခဲ့ပြီ။ စိမ်းသောအပင် တပင်မျှမရှိ။

  13. ဟေရှာယအနာဂတ္တိကျမ်း 15:7ခရစ်တော် မပေါ်မီ 726 ခန့်

    ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသော ဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင် ချိုင့်သို့ ယူသွားကြလိမ့်မည်။

  14. ဟေရှာယအနာဂတ္တိကျမ်း 15:8ခရစ်တော် မပေါ်မီ 726 ခန့်

    ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ၏။ ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့ တိုင်အောင်၎င်း ရောက်လေ၏။

  15. ဟေရှာယအနာဂတ္တိကျမ်း 15:9ခရစ်တော် မပေါ်မီ 726 ခန့်

    အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေး နှင့်ပြည့်ကြ၏။ ဒိဇုန်မြို့အပေါ်မှာ အခြားသော ဘေးများ ကိုင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို၎င်း ငါရောက်စေမည်။

  16. ဟေရှာယအနာဂတ္တိကျမ်း 16:1ခရစ်တော် မပေါ်မီ 726 ခန့်

    မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။သေလမြို့မှတောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ပေးလိုက်ကြလော့။

  17. ဟေရှာယအနာဂတ္တိကျမ်း 16:2ခရစ်တော် မပေါ်မီ 726 ခန့်

    မိမိအသိုက်ကို စွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည်။

  18. ဟေရှာယအနာဂတ္တိကျမ်း 16:3ခရစ်တော် မပေါ်မီ 726 ခန့်

    အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညဉ့်ကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေ လော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသော သူတို့ကို မပြနှင့်။

  19. ဟေရှာယအနာဂတ္တိကျမ်း 16:4ခရစ်တော် မပေါ်မီ 726 ခန့်

    မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့။ သင်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ။

  20. ဟေရှာယအနာဂတ္တိကျမ်း 16:5ခရစ်တော် မပေါ်မီ 726 ခန့်

    ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့် မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏ တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။

  21. ဟေရှာယအနာဂတ္တိကျမ်း 16:6ခရစ်တော် မပေါ်မီ 726 ခန့်

    မောဘ၏ မာနကို ငါတို့သည်ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ်၏။

  22. ဟေရှာယအနာဂတ္တိကျမ်း 16:7ခရစ်တော် မပေါ်မီ 726 ခန့်

    ထို့ကြောင့်၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။

  23. ဟေရှာယအနာဂတ္တိကျမ်း 16:8ခရစ်တော် မပေါ်မီ 726 ခန့်

    ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက်၍၊တော၌လည် တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ် ကိုလွန်ကြ၏။

  24. ဟေရှာယအနာဂတ္တိကျမ်း 16:9ခရစ်တော် မပေါ်မီ 726 ခန့်

    ထို့ကြောင့်၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။

  25. ဟေရှာယအနာဂတ္တိကျမ်း 16:10ခရစ်တော် မပေါ်မီ 726 ခန့်

    ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ။