အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာမုတ်အနာဂတ္တိကျမ်း 8:8ခရစ်တော် မပေါ်မီ 787 ခန့်

    ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ်လိမ့်မည်မဟုတ် လော။

  2. အာမုတ်အနာဂတ္တိကျမ်း 8:9ခရစ်တော် မပေါ်မီ 787 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင်သောနေ့၌ မြေကြီးကို မိုက်စေမည်။

  3. အာမုတ်အနာဂတ္တိကျမ်း 8:10ခရစ်တော် မပေါ်မီ 787 ခန့်

    သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည်။သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ၎င်း၊ ဆံပင်ကိုရိတ်စေခြင်းငှါ၎င်း ငါစီရင်မည်။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့၎င်း၊ အဆုံး၌ ခါးစွာသောနေ့ကဲ့သို့၎င်း ငါဖြစ် စေမည်။

  4. အာမုတ်အနာဂတ္တိကျမ်း 8:11ခရစ်တော် မပေါ်မီ 787 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။

  5. အာမုတ်အနာဂတ္တိကျမ်း 8:12ခရစ်တော် မပေါ်မီ 787 ခန့်

    လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။

  6. အာမုတ်အနာဂတ္တိကျမ်း 8:13ခရစ်တော် မပေါ်မီ 787 ခန့်

    ထိုကာလ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ်၍ မောကြလိမ့်မည်။

  7. အာမုတ်အနာဂတ္တိကျမ်း 8:14ခရစ်တော် မပေါ်မီ 787 ခန့်

    ရှမာရိအပြစ်ကို တိုင်တည်၍ ကျိန်ဆိုသောသူ၊ အိုဒန်၊ သင်၏ဘုရားအသက်ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း၊ ဗေရရှေဘ ဘာသာအသက်တည်သည်အတိုင်းဟူ၍၎င်း ဆိုသောသူတို့သည်၊ နောက်တဖန် မထနိုင် အောင်လဲ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  8. အာမုတ်အနာဂတ္တိကျမ်း 9:1ခရစ်တော် မပေါ်မီ 787 ခန့်

    တဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက်မိန့်တော်မူသည်ကား၊ ရှိသမျှသောသူ တို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ထားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။

  9. အာမုတ်အနာဂတ္တိကျမ်း 9:2ခရစ်တော် မပေါ်မီ 787 ခန့်

    မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည်။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည်။

  10. အာမုတ်အနာဂတ္တိကျမ်း 9:3ခရစ်တော် မပေါ်မီ 787 ခန့်

    ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက် ၌ ပုန်းရှောင်သော်လည်း၊ ငါသည် နဂါးကို မှာလိုက်၍ ကိုက်စေမည်။

  11. အာမုတ်အနာဂတ္တိကျမ်း 9:4ခရစ်တော် မပေါ်မီ 787 ခန့်

    ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ထားကို မှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။

  12. အာမုတ်အနာဂတ္တိကျမ်း 9:5ခရစ်တော် မပေါ်မီ 787 ခန့်

    ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင်၊ မြေသည် အရည်ဖြစ်၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်ကဲ့သို့ တပြည်လုံးထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည်။

  13. အာမုတ်အနာဂတ္တိကျမ်း 9:6ခရစ်တော် မပေါ်မီ 787 ခန့်

    အထက်အခန်းတော်တို့ကို ကောင်းကင်၌ဆောက်၍၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ၏။ သမုဒ္ဒရာရေကိုခေါ်၍ မြေကြီးပြင်၌ သွန်းလောင်းတော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။

  14. အာမုတ်အနာဂတ္တိကျမ်း 9:7ခရစ်တော် မပေါ်မီ 787 ခန့်

    အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ဣသရေ လအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရပြည်မှ၎င်း၊ ရှုရိလူတို့ကို ကိရပြည်မှ၎င်း ငါနှုတ်ဆောင်ပြီ မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။

  15. အာမုတ်အနာဂတ္တိကျမ်း 9:8ခရစ်တော် မပေါ်မီ 787 ခန့်

    အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ၏။

  16. အာမုတ်အနာဂတ္တိကျမ်း 9:9ခရစ်တော် မပေါ်မီ 787 ခန့်

    တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့၊ ဣသရေလအမျိုးကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည်။ ဆန်တစေ့မျှ မြေသို့မကျရ။

  17. အာမုတ်အနာဂတ္တိကျမ်း 9:10ခရစ်တော် မပေါ်မီ 787 ခန့်

    ဘေးဥပဒ်သည် ငါတို့ကို မမှီနိုင်၊ မဆီးတားနိုင်ဟု ဆိုလျက်၊ အပြစ်များသော ငါ၏လူအပေါင်းတို့သည် ထားဖြင့် သေရကြလိမ့်မည်။

  18. အာမုတ်အနာဂတ္တိကျမ်း 9:11ခရစ်တော် မပေါ်မီ 787 ခန့်

    ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ၍ ငါ၏နာမဖြင့် သမုတ်သောတပါးအမျိုးသားအပေါင်းတို့ကို သိမ်းယူစေခြင်းငှါ၊

  19. အာမုတ်အနာဂတ္တိကျမ်း 9:12ခရစ်တော် မပေါ်မီ 787 ခန့်

    လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကွဲရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို ရှေးကာလ၌ ရှိသကဲ့သို့ မတ်စေပြန်မည်ဟု၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ ၏။

  20. အာမုတ်အနာဂတ္တိကျမ်း 9:13ခရစ်တော် မပေါ်မီ 787 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို၎င်း၊ စပျစ်သီးနယ် သောသူသည် မျိုးစေ့ကြဲသောသူကို၎င်း မှီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလရောက်လိမ့်မည်။

  21. အာမုတ်အနာဂတ္တိကျမ်း 9:14ခရစ်တော် မပေါ်မီ 787 ခန့်

    သိမ်းသွားခြင်းကို ခံရသော ငါ၏လူ ဣသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကို စိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။

  22. အာမုတ်အနာဂတ္တိကျမ်း 9:15ခရစ်တော် မပေါ်မီ 787 ခန့်

    သူတို့ကို နေရင်းအရပ်၌ ငါစိုက်ထားမည်။ ငါ ပေးသောပြည်မှ နောက်တဖန် အဘယ်သူမျှ မနှုတ်ရဟု၊ သင်၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ၏။ ပရောဖက်အာမုတ်စီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။

  23. ဩဗဒိဗျာဒိတ်ရူပါရုံ 1:1ခရစ်တော် မပေါ်မီ 587 ခန့်

    အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော် မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့ဟု၊ တပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။

  24. ဩဗဒိဗျာဒိတ်ရူပါရုံ 1:2ခရစ်တော် မပေါ်မီ 587 ခန့်

    သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်း ငှါ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချ ခြင်းရှိလိမ့်မည်။

  25. ဩဗဒိဗျာဒိတ်ရူပါရုံ 1:3ခရစ်တော် မပေါ်မီ 587 ခန့်

    ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။