အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 50:39ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့ နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ် သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။

  2. ယေရမိအနာဂတ္တိကျမ်း 50:40ခရစ်တော် မပေါ်မီ 595 ခန့်

    သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံ တယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော် မူ၏။

  3. ယေရမိအနာဂတ္တိကျမ်း 50:41ခရစ်တော် မပေါ်မီ 595 ခန့်

    ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။

  4. ယေရမိအနာဂတ္တိကျမ်း 50:42ခရစ်တော် မပေါ်မီ 595 ခန့်

    လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။

  5. ယေရမိအနာဂတ္တိကျမ်း 50:43ခရစ်တော် မပေါ်မီ 595 ခန့်

    သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။

  6. ယေရမိအနာဂတ္တိကျမ်း 50:44ခရစ်တော် မပေါ်မီ 595 ခန့်

    ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသော သူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက် မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။

  7. ယေရမိအနာဂတ္တိကျမ်း 50:45ခရစ်တော် မပေါ်မီ 595 ခန့်

    သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့ တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ အစည်တို့ကို နားထောင်ကြ လော့။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုး တို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။

  8. ယေရမိအနာဂတ္တိကျမ်း 50:46ခရစ်တော် မပေါ်မီ 595 ခန့်

    ဗာဗုလုန်မြို့ကိုတိုက်ယူသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုး တို့သည် ကြားရကြ၏။

  9. ယေရမိအနာဂတ္တိကျမ်း 51:1ခရစ်တော် မပေါ်မီ 595 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက်၌၎င်း၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော်သော သူတို့တဘက်၌၎င်း၊ ဖျက်ဆီးတတ်သော လေကို ငါထစေ မည်။

  10. ယေရမိအနာဂတ္တိကျမ်း 51:2ခရစ်တော် မပေါ်မီ 595 ခန့်

    စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန်မြို့ သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့ သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက်နေကြ လိမ့်မည်။

  11. ယေရမိအနာဂတ္တိကျမ်း 51:3ခရစ်တော် မပေါ်မီ 595 ခန့်

    လေးကိုကိုင်သောသူ၊ သံချပ်အင်္ကျီကိုဝတ်သော သူတို့ကို လေးတင်၍ ပစ်ကြလော့။ မြို့သားလုလင်တို့ကို မနှမြောဘဲ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။

  12. ယေရမိအနာဂတ္တိကျမ်း 51:4ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသို့သူရဲတို့သည် ခါလဒဲပြည်တွင်၊ လမ်းမတို့၌ လဲ၍အထိုးခံရကြလိမ့်မည်။

  13. ယေရမိအနာဂတ္တိကျမ်း 51:5ခရစ်တော် မပေါ်မီ 595 ခန့်

    ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာ ပြည်သည်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရားကို ပြစ်မှားသော အပြစ်နှင့်ပြည့်သော်လည်း၊ သူတို့ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ။

  14. ယေရမိအနာဂတ္တိကျမ်း 51:6ခရစ်တော် မပေါ်မီ 595 ခန့်

    ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည်။

  15. ယေရမိအနာဂတ္တိကျမ်း 51:7ခရစ်တော် မပေါ်မီ 595 ခန့်

    ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ်၏။ ထိုဖလား၌ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍အရူးဖြစ်ကြ၏။

  16. ယေရမိအနာဂတ္တိကျမ်း 51:8ခရစ်တော် မပေါ်မီ 595 ခန့်

    ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ၍ ပျက်စီးပြီ။ သူ၏အတွက် ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာ ပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့။

  17. ယေရမိအနာဂတ္တိကျမ်း 51:9ခရစ်တော် မပေါ်မီ 595 ခန့်

    ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေ ခြင်းငှါ ပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကို စွန့်ပစ်၍၊ အသီးအသီး ငါတို့ နေရင်းပြည်သို့ သွားကြ ကုန်အံ့။ သူခံရသော အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်၍၊ မိုဃ်းတိမ်ကို ထိလျက်ရှိ၏။

  18. ယေရမိအနာဂတ္တိကျမ်း 51:10ခရစ်တော် မပေါ်မီ 595 ခန့်

    ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့၌ ကြားပြောကြ ကုန်အံ့။

  19. ယေရမိအနာဂတ္တိကျမ်း 51:11ခရစ်တော် မပေါ်မီ 595 ခန့်

    မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။

  20. ယေရမိအနာဂတ္တိကျမ်း 51:12ခရစ်တော် မပေါ်မီ 595 ခန့်

    ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရ ဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။

  21. ယေရမိအနာဂတ္တိကျမ်း 51:13ခရစ်တော် မပေါ်မီ 595 ခန့်

    များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီး သောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘ အလိုပျက်ချိန် ရောက်လေပြီ။

  22. ယေရမိအနာဂတ္တိကျမ်း 51:14ခရစ်တော် မပေါ်မီ 595 ခန့်

    ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ သင့်ကို ကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့ လူများနှင့်ပြည့် စေမည်။ သူတို့သည်သင့်တဘက်၌ ကြွေးကြော်သံကို လွှင့် ကြလိမ့်မည်။

  23. ယေရမိအနာဂတ္တိကျမ်း 51:15ခရစ်တော် မပေါ်မီ 595 ခန့်

    တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော် မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော် မူပြီ။ ဉာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။

  24. ယေရမိအနာဂတ္တိကျမ်း 51:16ခရစ်တော် မပေါ်မီ 595 ခန့်

    အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေ တော်မူ၏။ လေကိုလည်း ဘဏ္ဍာတော် တိုက်ထဲကထုတ် တော်မူ၏။

  25. ယေရမိအနာဂတ္တိကျမ်း 51:17ခရစ်တော် မပေါ်မီ 595 ခန့်

    လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသော သူတိုင်းမိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။