- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 930–586 BC
The Divided Kingdom
The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:24ခရစ်တော် မပေါ်မီ 894 ခန့်
မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့်အသွား မနှေးစေ နှင့်ဟု ကျွန်အား မှာထားသဖြင့်၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:25ခရစ်တော် မပေါ်မီ 894 ခန့်
ခရီးသွား၍ ဘုရားသခင်၏ လူရှိရာ၊ ကရမေလ တောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏ လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမလာ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:26ခရစ်တော် မပေါ်မီ 894 ခန့်
သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမ ကမာပါ၏ ဟုဆို၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:27ခရစ်တော် မပေါ်မီ 894 ခန့်
ဘုရားသခင်၏ လူရှိရာတောင်ပေါ်သို့ ရောက် သောအခါ၊ သူ၏ ခြေတို့ကို ဘက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင်၊ ဘုရားသခင်၏ လူကသူ့ကို မဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထား တော်မူပြီဟုဆို၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:28ခရစ်တော် မပေါ်မီ 894 ခန့်
မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသာမသုံးပါ နှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:29ခရစ်တော် မပေါ်မီ 894 ခန့်
ဧလိရှဲသည် ဂေဟာဇိကို ခေါ်၍သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝေးကို ကိုင်၍ သွားလော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့တောင်ဝေးကို သူငယ် ၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:30ခရစ်တော် မပေါ်မီ 894 ခန့်
အမိကလည်း၊ ထာဝရဘုရားအသက်၊ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ၍ မသွားနိုင်ပါဟု ဆိုလျှင်၊ ဧလိရှဲသည် ထ၍ လိုက် လေ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:31ခရစ်တော် မပေါ်မီ 894 ခန့်
ဂေဟာဇိသည်အရင်သွား၍၊ တောင်ဝေးကို သူငယ်၏မျက်နှာပေါ်မှာတင်သော်လည်း၊ သူငယ်သည် အသံမပြုအမှုမထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲကို ခရီးဦးကြိုပြု၍၊ သူငယ်သည် မနိုးပါဟု ပြန်ပြော၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:32ခရစ်တော် မပေါ်မီ 894 ခန့်
ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ် သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:33ခရစ်တော် မပေါ်မီ 894 ခန့်
အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:34ခရစ်တော် မပေါ်မီ 894 ခန့်
သူငယ်၏အနီးအပါးသို့ ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း၊ မျက်လုံးချင်း၊လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:35ခရစ်တော် မပေါ်မီ 894 ခန့်
တဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့်၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး၍ မျက်စိကိုဖွင့်၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:36ခရစ်တော် မပေါ်မီ 894 ခန့်
ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူ မိန်းမကို ခေါ်လိုက်ဟုဆိုသည်အတိုင်းခေါ်၍ သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူ လော့ဟု ဆို၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:37ခရစ်တော် မပေါ်မီ 894 ခန့်
မိန်းမသည်အထဲသို့ဝင်၍၊ မြေပေါ်မှာ ပြပ်ဝပ် ဦးချပြီးလျှင် သားကိုချီယူ၍ထွက်သွား၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:38ခရစ်တော် မပေါ်မီ 894 ခန့်
တဖန်ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့ သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့ အဘို့ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိ ကျွန်အားဆို၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:39ခရစ်တော် မပေါ်မီ 894 ခန့်
တစုံတယောက်သော သူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ်ခြင်းငှါ လယ်ပြင်သို့သွား၍ တောနွယ် ပင်ကို တွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူ ပြီးမှ၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:40ခရစ်တော် မပေါ်မီ 894 ခန့်
ထိုဘူးမျိုးကို မသိဘဲဟင်းအိုးထဲသို့ ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲ နေကြ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:41ခရစ်တော် မပေါ်မီ 894 ခန့်
ဧလိရှဲကလည်း၊ မုန့်ညက်ကို ယူခဲ့ဟုဆို၍ အိုးထဲ မှာ ခတ်ပြီးလျှင်၊ လူများစားစရာဘို့လောင်းဦးလော့ဟု ဆိုပြန်သော်၊ အိုး၌ဘေးမရှိ။
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:42ခရစ်တော် မပေါ်မီ 894 ခန့်
တဖန်ဗာလရှလိရှမြို့မှ လူတယောက်သည် လာ၍၊ အဦးသီးသော မုယောဆန်ဖြင့် လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရား သခင်၏ လူထံသို့ ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများ ကို ကျွေးလော့ဟုဆိုလျှင်၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:43ခရစ်တော် မပေါ်မီ 894 ခန့်
ကျွန်ကအဘယ်သို့နည်း။ ကျွန်တော်သည် လူတရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟုမေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စားကြသော် လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်း ကို ပြောဆိုသော်၊
- ဓမ္မရာဇဝင်စတုတ္ထစောင် 4:44ခရစ်တော် မပေါ်မီ 894 ခန့်
ကျွန်သည်လူများရှေ့မှာထည့်၍ ထာဝရဘုရား ၏ စကားတော်နှင့်အညီ ထိုသူတို့သည် ဝစွာစားကြ၍၊ စားစရာကျန်ကြွင်းလျက်ရှိ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 5:1ခရစ်တော် မပေါ်မီ 894 ခန့်
ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 5:2ခရစ်တော် မပေါ်မီ 894 ခန့်
ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွား စဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 5:3ခရစ်တော် မပေါ်မီ 894 ခန့်
ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရော ဖက်သည် သခင်၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
- ဓမ္မရာဇဝင်စတုတ္ထစောင် 5:4ခရစ်တော် မပေါ်မီ 894 ခန့်
နေမန်သည် မိမိအရှင်ထံသို့ ဝင်၍ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက်၏။