အကြောင်းအရာသို့ ကျော်သွားရန်

circa 1050–1010 BC

Samuel & King Saul

Israel demands a king; Samuel anoints Saul, whose disobedience leads to his rejection as God chooses a man after his own heart.

810 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ဓမ္မရာဇဝင်ပဌမစောင် 22:1ခရစ်တော် မပေါ်မီ 1062 ခန့်

    ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။

  2. ဓမ္မရာဇဝင်ပဌမစောင် 22:2ခရစ်တော် မပေါ်မီ 1062 ခန့်

    အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူအပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။

  3. ဓမ္မရာဇဝင်ပဌမစောင် 22:3ခရစ်တော် မပေါ်မီ 1062 ခန့်

    ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊

  4. ဓမ္မရာဇဝင်ပဌမစောင် 22:4ခရစ်တော် မပေါ်မီ 1062 ခန့်

    မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။

  5. ဓမ္မရာဇဝင်ပဌမစောင် 22:5ခရစ်တော် မပေါ်မီ 1062 ခန့်

    တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။

  6. ဓမ္မရာဇဝင်ပဌမစောင် 22:6ခရစ်တော် မပေါ်မီ 1062 ခန့်

    ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကို ကိုင်လျက်၊ ကျွန်အပေါင်းတို့ သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့်သူ၏ လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား၍၊

  7. ဓမ္မရာဇဝင်ပဌမစောင် 22:7ခရစ်တော် မပေါ်မီ 1062 ခန့်

    အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။

  8. ဓမ္မရာဇဝင်ပဌမစောင် 22:8ခရစ်တော် မပေါ်မီ 1062 ခန့်

    ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိဿဟာယဖွဲ့ကြောင်းကို တယောက်မျှမပြော။ ငါ့အတွက် တယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည် အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှါ၊ ငါ့သားနှိုးဆော် ကြောင်းကို တယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊

  9. ဓမ္မရာဇဝင်ပဌမစောင် 22:9ခရစ်တော် မပေါ်မီ 1062 ခန့်

    ရှောလု၏ ကျွန်အုပ် ဧဒုံ အမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။

  10. ဓမ္မရာဇဝင်ပဌမစောင် 22:10ခရစ်တော် မပေါ်မီ 1062 ခန့်

    အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊

  11. ဓမ္မရာဇဝင်ပဌမစောင် 22:11ခရစ်တော် မပေါ်မီ 1062 ခန့်

    ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။

  12. ဓမ္မရာဇဝင်ပဌမစောင် 22:12ခရစ်တော် မပေါ်မီ 1062 ခန့်

    ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက်၏။

  13. ဓမ္မရာဇဝင်ပဌမစောင် 22:13ခရစ်တော် မပေါ်မီ 1062 ခန့်

    ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊

  14. ဓမ္မရာဇဝင်ပဌမစောင် 22:14ခရစ်တော် မပေါ်မီ 1062 ခန့်

    အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။

  15. ဓမ္မရာဇဝင်ပဌမစောင် 22:15ခရစ်တော် မပေါ်မီ 1062 ခန့်

    ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။

  16. ဓမ္မရာဇဝင်ပဌမစောင် 22:16ခရစ်တော် မပေါ်မီ 1062 ခန့်

    ရှင်ဘုရင်က၊ အဟိမလက်၊သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက်၊

  17. ဓမ္မရာဇဝင်ပဌမစောင် 22:17ခရစ်တော် မပေါ်မီ 1062 ခန့်

    ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ၏။

  18. ဓမ္မရာဇဝင်ပဌမစောင် 22:18ခရစ်တော် မပေါ်မီ 1062 ခန့်

    တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။

  19. ဓမ္မရာဇဝင်ပဌမစောင် 22:19ခရစ်တော် မပေါ်မီ 1062 ခန့်

    ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ၏။

  20. ဓမ္မရာဇဝင်ပဌမစောင် 22:20ခရစ်တော် မပေါ်မီ 1062 ခန့်

    အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။

  21. ဓမ္မရာဇဝင်ပဌမစောင် 22:21ခရစ်တော် မပေါ်မီ 1062 ခန့်

    ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊

  22. ဓမ္မရာဇဝင်ပဌမစောင် 22:22ခရစ်တော် မပေါ်မီ 1062 ခန့်

    ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား။

  23. ဓမ္မရာဇဝင်ပဌမစောင် 22:23ခရစ်တော် မပေါ်မီ 1062 ခန့်

    ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။

  24. ဖိလိတ္တိလူတို့သည် ကိလမြို့ကို တိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ

  25. အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ ကိလမြို့ကို ကယ်တင် လော့ဟု ဒါဝိဒ်အား မိန့်တော်မူ၏။