အကြောင်းအရာသို့ ကျော်သွားရန်

Philistines အကြောင်း ကျမ်းစာအခန်းငယ်များ: Defeated by David

26 အခန်းငယ် · 81 ရှုထောင့်

Defeated by David အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍လာကြ၏။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား၏။

  2. ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။

  3. ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားကသွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊

  4. ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကိုလုပ်ကြံပြီးမှ၊ ထာဝရဘုရားသည် ရေထ၍ ဖြိုဖျက်သကဲ့သို့၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။

  5. ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို၊ ဒါဝိဒ်နှင့်သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏။

  6. တဖန်ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။

  7. ဒါဝိဒ်သည်လည်း မေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတဘက်၌ ချီရမည်။

  8. ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊

  9. ဒါဝိဒ်သည်ပြု၍ဖိလိတ္တိလူတို့ကိုဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။

  10. သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ်၏။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ၊

  11. ထိုသူသည် လက်ညောင်း၍ထား၌မှီလျက်နေရ သည်တိုင်အောင် ထ၍ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ၏။

  12. သူ့နောက်မှာ ဟရရိအမျိုးအာဂိ၏သားရှမ္မ သည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ၊

  13. ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ၏။

  14. ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာ ကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိ လူတို့သည် ရေဖိမ်ချိုင်၌တပ်ချလျက် ရှိကြ၏။

  15. ထိုအခါဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။

  16. ဒါဝိဒ်ကလည်း၊ တစုံတယောက်သော သူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသော စိတ်နှင့် ဆိုသော်၊

  17. ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌သွန်းလျက်၊

  18. ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင် အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိ လူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍ လာကြ၏။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။

  19. ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့ အပြားနေကြ၏။

  20. ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊

  21. ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား၍ သူတို့ကို လုပ်ကြံပြီးမှ၊ ဘုရားသခင်သည် ရေထ၍ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။

  22. ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသော ရုပ်တု များကို ဒါဝိဒ်၏အမိန့်တော်နှင့် မီးရှို့ကြ၏။

  23. တဖန်ဖိလိတ္တိလူတို့သည် ထိုချိုင့်၌ အနှံ့အပြား လာ၍နေကြ၏။

  24. ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တဖန်မေးလျှောက် သော်၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ။ သူတို့မှလွှဲ၍ ပိုးစာတောတဘက်တချက်၌ ချီရမည်။

  25. ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ၊ တိုက်အံ့သောငှါ ချီလော့။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားမည်ဟု ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊