အကြောင်းအရာသို့ ကျော်သွားရန်

Zion အကြောင်း ကျမ်းစာအခန်းငယ်များ: Restoration of, promised

21 အခန်းငယ် · 9 ရှုထောင့်

Restoration of, promised အကြောင်း အခန်းငယ်များ

  1. ထိုသို့နှင့်အညီ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ဆိတ်ညံရာ အရပ်အလုံး စုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့ သို့၎င်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ ၎င်း ဖြစ်စေတော်မူသဖြင့်၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင် လန်းခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်း နှင့် ပြည့်စုံလိမ့်မည်။

  2. သို့ဖြစ်၍၊ ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်း မြောက်ခြင်းသရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။

  3. မိုဃ်းကောင်းကင်ကို ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှါ၎င်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှါ၎င်း၊ ငါ့စကားကို သင်၏နှုတ် ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကို ငါမိုးပြီ။

  4. အို ဇိအုန်မြို့၊ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အိုယေရုရှလင်မြို့တည်းဟူသော၊ သန့်ရှင်းသော မြို့၊ သင်၏တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ် ဆင်လော့။ အကြောင်းမူကား၊ နောက်တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင်၏အထဲသို့ မဝင်ရကြ။

  5. အိုယေရုရှလင်မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့်ကို ခါလိုက်၍၊ မြင့်သော အရပ်၌ ထိုင်လော့။ အိုချုပ်ထား လျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကို ချွတ် လော့။

  6. ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင်၏ ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသော သူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွ တကား။

  7. သင်၏ကင်းစောင့်တို့၏အသံကို နားထောင်ကြ လော့။ သူတို့သည် အသံကို လွှင့်၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူ ကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူ ကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။

  8. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရား သော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့။

  9. သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့ လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြ လိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ် ကြလိမ့်မည်။

  10. ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။

  11. ဧသော၏တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း။ ပရောဖက်ဩဗဒိ၏ ဗျာဒိတ်ရူပါရုံပြီး၏။

  12. အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အို ဣသ ရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။

  13. မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အား၎င်း၊ လက် အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါ ဆိုရ၏။

  14. ငါနှင့် ပြောဆိုသော ကောင်းကင်တမန်က လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဘို့ အလွန်ကြင်နာ သောစိတ်အားကြီး၏။

  15. တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါ၏မြို့ရွာတို့သည် အရပ်ရပ်၌ နှံ့ပြား၍ စည်ပင်ကြလိမ့် မည်။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ် သိမ့်စေဦးမည်။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက်၍ ပြုစုဦးမည်ဟု မိန့်တော်မူ၏။

  16. ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။

  17. အို ဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်း လော့။ ငါလာ၍ သင့်အလယ်၌နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  18. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည် ဇိအုန်တောင်အဘို့ အလွန် စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဘို့ စိတ် အားကြီးပြီ။

  19. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ။ ယေရု ရှလင်မြို့ထဲမှာ နေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍ ၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ တောင် တော်ကို သန့်ရှင်းသောတောင်ဟူ၍၎င်း သမုတ်ကြလိမ့် မည်။

  20. အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။

  21. ယုဒလေးကို ငါတင်၍၊ ဧဖရိမ်လေးကို ဆွဲငင် လျက်၊ ဇိအုန်သားတို့ကို ဟေလသသားတို့တဘက်၌ နှိုး ဆော်၍၊ သင့်ကို သူရဲ၏ထားကဲ့သို့ ဖြစ်စေမည်။