အကြောင်းအရာသို့ ကျော်သွားရန်

Zion အကြောင်း ကျမ်းစာအခန်းငယ်များ: Name of Zion applied to Jerusalem

9 အခန်းငယ် · 9 ရှုထောင့်

Name of Zion applied to Jerusalem အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားသည် ယာကုပ်၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။

  2. ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဘွားမြင်ကြပြီ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။

  3. ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်း တော်မူသော ဘုရားကိုအမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန် သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်း ကြစေ။

  4. ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ ရှောလမုန်မင်း၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ၏။

  5. အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့ တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည် နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း။

  6. ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင် တခုမျှမရွှေ့၊ ကြိုးတခုမျှမပြတ်၊ အလျှင်း မပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။

  7. နားထောင်ကြ။ ဇိအုန်မြို့၌ ကြားရသော ငိုကြွေးသံဟူမူကား၊ ငါတို့သည် အဘယ်မျှလောက် လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား။ သူတပါးတို့သည် ငါတို့ နေရာများကို ဖြိုချသောကြောင့်၊ ငါတို့သည် ကိုယ်ပြည်ကို စွန့်၍ အလွန်မိန်းမောတွေဝေကြသည်တကား။

  8. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတပါးတို့ က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသော သူဟူ၍၎င်း၊ အဘယ်သူမျှမကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ၍၎င်း ခေါ်သော်လည်း၊ သင်၏အနာရောဂါများကို ငါပျောက် စေ၍၊ ကျန်းမာပကတိဖြစ်စေမည်။

  9. ယုဒလေးကို ငါတင်၍၊ ဧဖရိမ်လေးကို ဆွဲငင် လျက်၊ ဇိအုန်သားတို့ကို ဟေလသသားတို့တဘက်၌ နှိုး ဆော်၍၊ သင့်ကို သူရဲ၏ထားကဲ့သို့ ဖြစ်စေမည်။