Zion အကြောင်း ကျမ်းစာအခန်းငယ်များ: Called The City of God
Called The City of God အကြောင်း အခန်းငယ်များ
ထာဝရဘုရားသည် ယာကုပ်၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။
အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက် ရှိ၏။
သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့ လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြ လိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ် ကြလိမ့်မည်။