Skip to content

Wine အကြောင်း ကျမ်းစာအခန်းငယ်များ: Unclassified scriptures relating to

25 အခန်းငယ် · 83 ရှုထောင့်

Unclassified scriptures relating to အကြောင်း အခန်းငယ်များ

  1. စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။

  2. ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုး တည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည်။

  3. အာရှုရိရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါနှင့်မိဿဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ ပို့ခြင်းငှါ ငါမလာမှီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်ကရေကို သောက်လျက် နေကြဦးလော့။

  4. စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ ၏။

  5. လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရော ဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။

  6. သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍၊ သူတို့ ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်း မြောက်စေတော်မူ၏။

  7. တိရစ္ဆာန်ဘို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့ စပါးပင်ကို၎င်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော်တော်မူ၏။

  8. စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။

  9. ဆုံးလုသောလူအား သေရည်သေရက်ကို၎င်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို၎င်း၊ ပေးလော့။

  10. ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။

  11. တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။

  12. ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။

  13. လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။

  14. ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။

  15. မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။

  16. သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။

  17. သေသောက် ကြူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည်ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြ လော့။

  18. ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။

  19. သူတို့သည် ငါ၏လူတို့အဘို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်၎င်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်၎င်း ဖယ်လှယ်ကြပြီ တကား။

  20. စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေသော၊

  21. ထိုမှတပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ၌မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင်၍ စုဝေးစေ၏။

  22. မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါ်၌၎င်း၊ လုပ် ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။

  23. ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကို၎င်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို၎င်း တိုးပွားများပြားစေလိမ့်မည်။

  24. ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ်၍၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည်။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက်၍၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည်။

  25. သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့။