Skip to content

Wine အကြောင်း ကျမ်းစာအခန်းငယ်များ: Fermented

8 အခန်းငယ် · 83 ရှုထောင့်

Fermented အကြောင်း အခန်းငယ်များ

  1. သင်နှင့်သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ်သောအရာ၊

  2. စပျစ်ရည်နှင့်ယစ်မျိုးကို ရှောင်ရမည်။ စပျစ် ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့် လုပ်သောအရည်ကိုအလျှင်း မသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။

  3. သိုးသငယ်တကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။

  4. စားချင်သော စိတ်အလိုရှိသည်အတိုင်း၊ နွား၊ သိုး၊ စပျစ်ရည်၊ သေရည်အစရှိသော စားချင်သမျှကို ဝယ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက်၊ ရွှင်လန်းခြင်းကို ပြုရကြမည်။

  5. သင်တို့သည် မုန့်ကိုမစား။ စပျစ်ရည်နှင့် သေ ရည် သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရ ဘုရားသည် သင်တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိရ၏။

  6. ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။

  7. နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။

  8. ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီး တတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။