အကြောင်းအရာသို့ ကျော်သွားရန်

Wine အကြောင်း ကျမ်းစာအခန်းငယ်များ: Given in abundance to the Jews when obedient

4 အခန်းငယ် · 83 ရှုထောင့်

Given in abundance to the Jews when obedient အကြောင်း အခန်းငယ်များ

  1. မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။

  2. အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု။

  3. ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။

  4. ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကို၎င်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို၎င်း တိုးပွားများပြားစေလိမ့်မည်။