Skip to content

Jonadab

9 အခန်းငယ် · 1 မိသားစုဝင်

အခြားအမည်: Jehonadab

Jonadab ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊

  2. တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ ကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို၏။

  3. သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။

  4. ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီး နှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက်။

  5. တဲနှင့်သာ နေ၍ အကျွန်ုပ်တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ်မှာ ထားသမျှအတိုင်း ပြုကြပါပြီ။

  6. စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောန ဒပ်သည် မိမိ သားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည် ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နား ထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ် ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နား မထောင်ကြ။

  7. ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့ သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊

  8. ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆို သော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘယောနဒပ်၏ ပညတ်စကားကို နားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့် သောကြောင့်၊

  9. ရေခပ်ယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။