Rechabites အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊
ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။
ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။
ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏ အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး၏ အဘ ဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။
သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။
အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက်နေသော ပြည်၌ အသက်တာရှည်မည်အကြောင်း၊ တသက်လုံး တဲနှင့်သာ နေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။
ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီး နှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက်။
ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာ၍၊
ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယုဒပြည်သူ၊ ယေရှုရှလင်မြို့သားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကို နားထောင် အံ့သောငှါ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော် မူ၏။
စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောန ဒပ်သည် မိမိ သားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည် ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နား ထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ် ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နား မထောင်ကြ။
ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည်စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ သင်တို့အသီးအသီးလိုက်သော အဓမ္မ လမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြ လော့။ အခြားတပါးသော ဘုရားနောက်သို့မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့ နှင့်သင်တို့၏ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြ လိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ် လျက်၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ။
ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့ သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊
ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နား မထောင်ကြ။ ခေါ်သောလည်းမထူးကြဟု မိန့်တော်မူ၏။
ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆို သော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘယောနဒပ်၏ ပညတ်စကားကို နားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့် သောကြောင့်၊
ရေခပ်ယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။