အကြောင်းအရာသို့ ကျော်သွားရန်

Rechabites အကြောင်း ကျမ်းစာအခန်းငယ်များ: Obedience of, a sign to Israel

6 အခန်းငယ် · 7 ရှုထောင့်

Obedience of, a sign to Israel အကြောင်း အခန်းငယ်များ

  1. ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာ၍၊

  2. ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယုဒပြည်သူ၊ ယေရှုရှလင်မြို့သားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကို နားထောင် အံ့သောငှါ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော် မူ၏။

  3. စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောန ဒပ်သည် မိမိ သားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည် ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နား ထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ် ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နား မထောင်ကြ။

  4. ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည်စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ သင်တို့အသီးအသီးလိုက်သော အဓမ္မ လမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြ လော့။ အခြားတပါးသော ဘုရားနောက်သို့မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့ နှင့်သင်တို့၏ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြ လိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ် လျက်၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ။

  5. ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့ သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊

  6. ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နား မထောင်ကြ။ ခေါ်သောလည်းမထူးကြဟု မိန့်တော်မူ၏။