Skip to content

Wine အကြောင်း ကျမ်းစာအခန်းငယ်များ: Moab

5 အခန်းငယ် · 83 ရှုထောင့်

Moab အကြောင်း အခန်းငယ်များ

  1. ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက်၍၊တော၌လည် တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ် ကိုလွန်ကြ၏။

  2. ထို့ကြောင့်၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။

  3. ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ။

  4. အိုစိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင် လယ်တိုင်အောင်ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။

  5. ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။