Skip to content

Walls အကြောင်း ကျမ်းစာအခန်းငယ်များ

89 အခန်းငယ် · 48 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။

  2. အနာကို ကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊ -

  3. မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။

  4. သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။

  5. ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တဖန် ရပ်နေ၏။

  6. ငါတို့သည် အဘယ်သို့ သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ ကြီး၏။ အရပ်လည်း သာ၍မြင့်၏။ မြို့လည်း မိုဃ်း ကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌ လည်း၊ အာနကအမျိုးသားတို့ကို မြင်ရ၏ဟု ငါတို့စိတ်ကို ဖျက်ကြပြီဟု သင်တို့သည် တဲများ၌ ဆန့်ကျင်ဘက်ပြု ကြ၏။

  7. ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါး များ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။

  8. သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။

  9. ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက်၊

  10. ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။

  11. ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။

  12. ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာ ထိုင်ရာသည် လပ်၏။

  13. ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့် ပေါင်းဘော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညဉ့်အစဉ်ကွယ်ကာလျက် နေကြပါ၏။

  14. လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။

  15. ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။

  16. ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။

  17. ရှေဘတည်းခိုသောဗက်မာခပြည်၊ အာဗေလမြို့ ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတဘက်တချက်၌ မြေရိုးကို ဖို့ကြ၏။ ယွာဘနှင့်သူ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ၏။

  18. လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။

  19. ကျန်သောသူတို့သည် အာဖက်မြို့သို့ ပြေး၍ မြို့ရိုးလဲသဖြင့် နှစ်သောင်းခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ်သည် ပြေး၍မြို့ထဲအတွင်း အခန်း၌ ပုန်းလျက် နေ၏။

  20. နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သော သားဦးကို ယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတပါးအမျက်ထွက်ခြင်း ကို ခံရသောကြောင့်၊ ထိုပြည်ကို ထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။

  21. ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်ကအရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။

  22. ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။

  23. ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင်၊

  24. ထိုသန့်ရှင်းသောအိမ်အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့်ကျောက်ထရံတို့ကို မွမ်းမံစရာဘို့ ငွေစင် ခုနစ်သောင်းကို ငါ၏ဘုရားသခင်အိမ်တော်အဘို့ ငါပေး၏။

  25. ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒ ရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို၊ ဧဖရိမ်တံ ခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။