Walls အကြောင်း ကျမ်းစာအခန်းငယ်များ: Destruction of, a punishment and cause of grief
Destruction of, a punishment and cause of grief အကြောင်း အခန်းငယ်များ
သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။
သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။
ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညဉ့်အခါ ထ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ၊ ငါ၏ဘုရားသခင် သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတယောက်အားမျှမပြော၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမျှမပါဘဲ၊
ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါး လည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊
စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊
တဖန်ထိုညဉ့်၌ ချောင်းနားတွင် ရှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန် လေ၏။
အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည် ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သော သူတစုံ တယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။
နောက်တဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရု ရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြ ကုန်အံ့ဟု သူတို့အားဆိုလျက်၊