Walls အကြောင်း ကျမ်းစာအခန်းငယ်များ: Often very high
Often very high အကြောင်း အခန်းငယ်များ
ငါတို့သည် အဘယ်သို့ သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ ကြီး၏။ အရပ်လည်း သာ၍မြင့်၏။ မြို့လည်း မိုဃ်း ကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌ လည်း၊ အာနကအမျိုးသားတို့ကို မြင်ရ၏ဟု ငါတို့စိတ်ကို ဖျက်ကြပြီဟု သင်တို့သည် တဲများ၌ ဆန့်ကျင်ဘက်ပြု ကြ၏။
ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါး များ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။