Skip to content

Time အကြောင်း ကျမ်းစာအခန်းငယ်များ

82 အခန်းငယ် · 44 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရ ဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏နေတိုင်း နာရီပေါ်မှာဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက် ပြန်စေတော်မူ၏။

  2. ရှင်ဘုရင်အမှုတော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတထောင် အုပ်၊ တရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်း တပ်ဖွဲ့၍၊ တလစီတလစီအလှည့် လှည့်စောင့်ရသော တပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီရှိကြ၏။

  3. ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊

  4. ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှ ကာလကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည် နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက် ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ် လိုက်တော်မူ၏။

  5. ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။

  6. သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မှတဘက်တချက်၊ နန်းတော်အတွင်းတန်တိုင်း ထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါးတဘက် တချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။

  7. ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။

  8. ထိုညဉ့်သည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊

  9. အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊

  10. အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။

  11. အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည်။ ဗိမာန် တော်အတွင်းအရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။

  12. သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည်ကာလ၌ ဝစွာစားရကြ၏။

  13. အကျွန်ုပ်၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို၎င်း၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို၎င်း၊ အောက်မေ့တော်မူပါ။

  14. ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။

  15. ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှု နှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူ မည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်း သောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသော အချိန်ရှိ၏။

  16. လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။

  17. ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာ ရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ခိုင်ခံ့သော မြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီးလျှင်၊

  18. ကြည့်ရှုလော့။ အာခတ်၏နေတိုင်းနာရီပေါ်မှာ ရွေ့သော အရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သော ဆယ်ချက်ပြန်လေ၏။

  19. သိတင်းကြားပြောကြလော့။ လူများကို အနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သော ဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

  20. ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက် ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း၊

  21. ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိ မင်းနန်းစံ ဆယ်တနှစ်စေ့၍ ပဉ္စပလတွင်၊ ယေရုရှလင် မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊

  22. အို ဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်း၊ အမှုရောက်သော ကာလ ကယ်တင်တော်မူ သော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည်၌ ဧည့်သည်ကဲ့သို့၎င်း၊ တညဉ့်သာ အိပ်ခြင်းငှါ ဝင်သော ခရီးသွားကဲ့သို့၎င်း၊ အဘယ်ကြောင့်ဖြစ်တော်မူသနည်း။

  23. ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင် ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက်ခြင်းကို မြော်လင့်သော်လည်း၊ ကောင်းကျိုး ကို မရကြပါ။ ချမ်းသာကို မြော်လင့်သော်လည်း၊ ဘေးနှင့် သာ တွေ့ရကြပါ၏။

  24. သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့ သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။

  25. သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။