Time အကြောင်း ကျမ်းစာအခန်းငယ်များ: Nativity of the patriarchs during the patriarchal age
Nativity of the patriarchs during the patriarchal age အကြောင်း အခန်းငယ်များ
နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊
အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။
ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။