Time အကြောင်း ကျမ်းစာအခန်းငယ်များ: Division of, into watches
Division of, into watches အကြောင်း အခန်းငယ်များ
နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။
နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ၏။
ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ ကြွ တော်မူ၏။
လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံး ချက်တီးကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၍ အနားမှာ ရှောက်သွားမည် ပြု တော်မူ၏။