အကြောင်းအရာသို့ ကျော်သွားရန်

The Second Coming of Christ အကြောင်း ကျမ်းစာအခန်းငယ်များ

144 အခန်းငယ် · 65 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။

  2. အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။

  3. အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ ၏။

  4. ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။

  5. သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲ့လိမ့်မည်ဟု စိတ်ထဲ၌အောက်မေ့သည်။

  6. ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ၏။

  7. ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊

  8. ထိုကျွန်သည် ပြင်းပြစွာကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတံ့။

  9. သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊

  10. လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊

  11. ယေရှုက၊ သင်ဆိုသည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုး တော်၏လက်ျာဘက်၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ၏။

  12. မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏။ လူသား သည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့။

  13. ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။

  14. အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။

  15. သို့မဟုတ်အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကိုတွေ့လိမ့်မည်။

  16. စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့် တော်မူ၏။

  17. သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။

  18. အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အားလုပ်ကျွေးလိမ့်မည်။

  19. နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့ သည် မင်္ဂလာရှိကြ၏။

  20. အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေ လိမ့်မည်ကို သင်တို့သိကြ၏။

  21. ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။

  22. အမတ်တယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။

  23. ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီး အသီးအဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။

  24. ထို့ကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော် မူ၏။

  25. လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊