The Second Coming of Christ အကြောင်း ကျမ်းစာအခန်းငယ်များ: Shall be surprised by
Shall be surprised by အကြောင်း အခန်းငယ်များ
လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။
ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊
ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။
ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။
သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရ ဘုရား၏ နေ့ရက်သည် လာလိမ့်ည်။ ထိုနေ့၌ မိုဃ်း ကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက် သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။