အကြောင်းအရာသို့ ကျော်သွားရန်

The Christ Jesus အကြောင်း ကျမ်းစာအခန်းငယ်များ

607 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက်နဲသော အရာတို့ကိုသိရသော အခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊

  2. အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။

  3. ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။

  4. ဟေရှာယဟောဘူးသောအနာဂတ်စကားဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။

  5. ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူလျှင်၊

  6. ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မ ကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။

  7. တပည့်တော်တို့သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။

  8. ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။

  9. ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊

  10. ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။

  11. မိန်းမကလည်းမှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊

  12. အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။

  13. ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည်သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကိုပြုကြပြီ။ ထို နည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟုမိန့်တော်မူသော်၊

  14. ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။

  15. ဂါလိလဲပြည်၌နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။

  16. သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ၏။

  17. ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။

  18. အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။

  19. တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။

  20. ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။

  21. ထိုနောက်လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊

  22. ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။

  23. အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့ မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။

  24. မိဘကိုရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။

  25. ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ၏။