အကြောင်းအရာသို့ ကျော်သွားရန်

The Burnt Offering အကြောင်း ကျမ်းစာအခန်းငယ်များ

46 အခန်းငယ် · 49 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌ တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။

  2. သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသော သံလွင်ဆီသုံးလောဃ နှင့် ရောသော မုန့်ညက်တဩမဲကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃကို ၎င်း၊ သိုးသငယ်နှင့် အတူ ပူဇော်ရမည်။

  3. အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည်။

  4. ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရား ရှေ့တော် ၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ် မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။

  5. မီးရှို့ရာယဇ်ကောင်ကိုလည်း သတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည်၌ ဖြန်းလေ၏။

  6. သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ လေ၏။

  7. ဝမ်းထဲ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ၏။

  8. နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်း အမှုကိုပြု၍ နွားတထောင်၊ သိုးတထောင်၊ သိုးသငယ် တထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့နှင့်တကွ ဣသရေလအမျိုးတမျိုးလုံးအတွက် ထာဝရဘုရား အား များစွာသော ယဇ်ကို ပူဇော်ကြ၏။

  9. ထိုနေ့ခြင်းတွင် ထာဝရဘုရားရှေ့တော်၌ စား သောက်၍ ပျော်မွေ့ခြင်းကို ပြုလျက်ဒါဝိဒ်၏ သားတော် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ဒုတိယအကြိမ် ချီး မြှောက်၍ ထာဝရဘုရားအောက်မှာ မင်းဖြစ်စေခြင်းငှါ ၎င်း၊ ဇာဒုတ်ကိုယဇ်ပုရောဟိတ်ဖြစ်စေခြင်းငှါ၎င်း ဘိသိက်ပေးကြ၏။

  10. ထိုအခါရှောလမုန်သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင်အရာကိုခံ၍ ထာဝရဘုရား၏ ရာဇ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ၏။ ဣသ ရေလအမျိုးသားအပေါင်းတို့သည် စကားတော်ကို နားထောင်ကြ၏။

  11. သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ။

  12. တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။

  13. တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်း တို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။

  14. ငါသည် ငတ်မွတ်လျှင်သင့်ကိုမပြော။ လောက ဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။

  15. နွားသားကိုငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။

  16. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား၍၊ အမဲသားကိုစားကြလော့။

  17. အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ်။

  18. ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။

  19. ပညတ်တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာ ယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော် မမူဟု အထက်ကဆိုနှင့်ပြီးမှ၊

  20. တဖန်တုံ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကို ပယ်၏။

  21. ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။