အကြောင်းအရာသို့ ကျော်သွားရန်

Thanksgiving အကြောင်း ကျမ်းစာအခန်းငယ်များ

93 အခန်းငယ် · 57 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊

  2. ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသော အသံကို ပြုကြ ကုန်အံ့။

  3. ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။

  4. ကျေးဇူးတော် ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါး တော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်း တော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူး တော်ကိုချီးမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။

  5. ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့။

  6. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  7. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  8. ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်။

  9. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  10. ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။

  11. အရှင်တို့၏သခင်၊ ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

  12. အကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ အကျွန်ုပ် အား ပညာအစွမ်းသတ္တိကို ပေးသနား၍၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း၊ ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော် မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ၊

  13. အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။

  14. အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။

  15. ထိုအခါ ယေရှုက၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

  16. ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက် ကြလော့။

  17. ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက်၍၊

  18. သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။

  19. ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။

  20. ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့် တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ၏။

  21. ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှကျောက်ကိုရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော် လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။

  22. သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်ကိုဖဲ့၍ စားလေ၏။

  23. ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်းလာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။

  24. သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။

  25. အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။