အကြောင်းအရာသို့ ကျော်သွားရန်

Sodom အကြောင်း ကျမ်းစာအခန်းငယ်များ: Wickedness of the inhabitants of

19 အခန်းငယ် · 8 ရှုထောင့်

Wickedness of the inhabitants of အကြောင်း အခန်းငယ်များ

  1. သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။

  2. ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်း တို့သည် အိမ်ကို ဝိုင်း၍၊

  3. လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့် အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည် ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။

  4. လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊

  5. ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။

  6. အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်မပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊

  7. သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုးခြင်းငှာ သာရော်ကလာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ၏။

  8. ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်း ပြီးလျှင် တံခါးကို ပိတ်ကြ၏။

  9. အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါး ကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

  10. ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာ သင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင် လော့။

  11. ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကို စေလွှတ် တော်မူပြီဟု လောတအား ပြောဆိုကြ၏။

  12. သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင် မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့ စပျစ်သီးသည် ခါးသောအပင်၏ အသီးဖြစ်၍၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။

  13. သူတို့မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ ဆပ်ပေး ကြပြီ။

  14. ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။

  15. အဘယ်သူမျှ အားမထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသောအပြစ်ဒဏ် ထက်၊ ငါ၏လူမျိုးသတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီးပေ၏။

  16. သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့် လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက်၌နေသော သောဒုံမြို့ ဖြစ်၏။

  17. ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ့် သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့်သူ၏သမီးတို့ သည် မပြုကြ။

  18. သင့်ညီမသောဒုံ၏ အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ၏။

  19. ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။