အကြောင်းအရာသို့ ကျော်သွားရန်

Salvation အကြောင်း ကျမ်းစာအခန်းငယ်များ

158 အခန်းငယ် · 106 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။

  2. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။

  3. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။

  4. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။

  5. အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ် တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဘော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော် ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။

  6. ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။

  7. လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့် လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။

  8. ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။

  9. ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။

  10. မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။

  11. အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။

  12. ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။

  13. လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။

  14. ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။

  15. ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။

  16. ဣသရေလ လူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်း အခွင့်ကိုပေးစေခြင်းငှါ၊ ထိုသူကို အစိုးရသော အရှင်အရာ၌၎င်း၊ ကယ်တင်သော သခင် အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာ လက်တော်နှင့် ချီးမြှင့်တော်မူပြီ။

  17. သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည် နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရု ပြောဆို၏။

  18. ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။

  19. ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊

  20. ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။

  21. ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။

  22. သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

  23. အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့ သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ၊ အသက်တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

  24. ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ။ တွေ့မြင်သော အရာကိုအဘယ်ကြောင့် မြော်လင့်ရမည်နည်း။

  25. အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။