Salvation အကြောင်း ကျမ်းစာအခန်းငယ်များ: Chosen to
Chosen to အကြောင်း အခန်းငယ်များ
သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ ဘုရားသခင်သည် ရှေ့ဦးစွာပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။
ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။